၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉
တော်လှန်ရေးအင်အားစုများအကြား နိုင်ငံရေးဆိုင်ရာ သဘောတူညီမှုများရရှိရေးကို ရည်ရွယ်ကြိုးပမ်းသွားမည့် ဘုံနိုင်ငံရေးသဘောတူညီချက်ရရှိရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်အကောင်အထည်ဖော်နိုင်ရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အကြားတွေ့ဆုံမှုတခုကို ယနေ့ပြုလုပ်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံမှုတွင် ဘုံနိုင်ငံရေးသဘောတူညီချက်ရရှိရေးကို အကောင်အထည်ဖော်နိုင်ရန်အတွက် အပြန်အလှန်ဆွေးနွေးခြင်းနှင့် နှစ်ဖက် ပူးတွဲလုပ်ဆောင်နိုင်ကြမည့် နည်းလမ်းများကို စုစည်းဖော်ထုတ်ခြင်းများပြုလုပ်ခဲ့ကြပြီး အစည်းအဝေးကို အောင်မြင်စွာ ရပ်နားခဲ့ပါသည်။
