2025 Myanmar Earthquake Emergency

On March 28, 2025, a devastating 7.7 magnitude earthquake struck near Mandalay in Myanmar’s Sagaing Region, leaving a trail of destruction. As of April 3, the death toll has surpassed 3,000, with thousands more injured and many still unaccounted for. Rescue teams continue to battle against damaged infrastructure, power outages, and critical shortages of medical supplies. The crisis remains dire as aftershocks persist, posing further risks to affected communities. This page serves as a central hub for real-time updates, official statements, and humanitarian response efforts. The National Unity Government (NUG) is working tirelessly to provide accurate information and coordinate with international partners to support those in need. 🚨 Note: We are actively gathering and verifying information, but some details may be subject to change. Your patience and support are greatly appreciated. Stay informed, spread awareness, and stand with Myanmar in this time of crisis.

နိုင်ငံလုံးဆိုင်ရာပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ရက်သတ္တပတ် (၁၃-၄-၂၀၂၅ နေ့မှ ၂၀-၄-၂၀၂၅ နေ့အထိ) နိုင်ငံလုံးဆိုင်ရာပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ရက်သတ္တပတ် (၁၃-၄-၂၀၂၅ နေ့မှ ၂၀-၄-၂၀၂၅ နေ့အထိ)



Myanmar Earthquake 2025 Data

Earthquake Data (Collected by NUG)

Total Fatalities

4,200

Updated On – 20.4.2025

Total Missing

351

Updated On – 20.4.2025

Total Injuries

3,681

Updated On – 20.4.2025

Total Damaged Houses

33,625

Updated On – 20.4.2025

Total Religious Buildings

3,930

Updated On – 20.4.2025

Schools

522

Updated On – 20.4.2025

Infrastructures

6,501

Updated On – 20.4.2025

Total Relief Assistance

6,076,972,230 MMK

Updated On – 27.3.2026

Total Fundraise

4,392,097,688 MMK

Updated On – 11.5.2025

Earthquake Data

၂၀၂၅ ခုနှစ် ၊ မတ်လ (၂၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် မြေငလျင်ဘေးဒဏ်ကို ကြုံတွေ့နေရပြီးနောက်ပိုင်း တပတ်အတွင်း အကြမ်းဖက်စစ်အုပ်စု သည် လေကြောင်း နှင့် လက်နက်ကြီးဖြင့် တိုက်ခိုက်မှုစုစုပေါင်း (၉၂)ကြိမ် ပြုလုပ်ခဲ့ရာ အသက် ၁၈ နှစ်အောက်ကလေးငယ် (၆) ဦး၊ အမျိုးသမီး အယောက်(၃၀)အပါအဝင် အရပ်သားပြည်သူ (၇၂) ဦး အသက်ဆုံးရှုံးခဲ့ရသည်။

Following the devastating earthquake that struck Myanmar on March 28, 2025, the military junta carried out 92 airstrikes and artillery attacks, resulting in the deaths ...
Read More →
Earthquake Data

According to the data consolidated as of April 7, 2025, the following info-graphs present the damage and loss in Sagaing, Mandalay, Naypyitaw Council, Bago and Nothern Shan areas

According to the data consolidated as of April 7, 2025, the following info-graphs present the damage and loss in Sagaing, Mandalay, Naypyitaw Council, Bago and ...
Read More →
Earthquake Data

As of April 6, 2025, the following is a list of the four most affected areas by the 7.7 magnitude earthquake that struck 16 km northwest of Sagaing.

As of April 6, 2025, the following is a list of the four most affected areas by the 7.7 magnitude earthquake that struck 16 km ...
Read More →


Earthquake Data (Open Source)

Open Source by DVB


Atrocities by SAC (Military Junta)

Open Source by DVB

Open Source by PVTV


Statements

Statement for earthquake
သတင်းထုတ်ပြန်ချက်
12 April 2025 1. In response to the devastating loss of lives and properties suffered by the people of Myanmar as a result of a ...
Read More →
မြေငလျင် ၂၀၂၅
ယာယီအပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီးနောက် အကြမ်းဖက်စစ်အုပ်စုက လေကြောင်း နှင့် လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်းနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်
Announcement No. (2/2025) (5 April 2025) Statement on Recent Airstrikes and Artillery Attacks by the Military Junta Following the Temporary Ceasefire The military junta declared ...
Read More →
မြေငလျင် ၂၀၂၅
နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ရက်သတ္တပတ် ကြေညာခြင်း
April 2, 2025 On March 28, 2025, a major earthquake with a magnitude of 7.7, along with several aftershocks, struck Myanmar and neighbouring countries, resulting ...
Read More →


Situation Reports

Situation Report 1

There was a very severe earthquake with magnitude of 7.7 near Sagaing Township, Central Myanmar around 12:50pm, on 28th March 2025. Following this powerful earthquake, there were total 13 major aftershocks being reported which were above 4 Richter scale alongside the areas near the Sagaing fault as of 9:00 am of 29th March.  

Situation Report 2

The death tolls continue to rise within 48 hours after the severe Sagaing earthquake. Aftershocks have also occurred in Mandalay, Nay Pyi Taw, and Bago, and another earthquake of magnitude 5.1 near Nay Pyi Taw at noon yesterday, a 4.2 magnitude earthquake near Shwebo in the morning and 5.1 earthquake near Sagaing this afternoon. 

Situation Report 3

In the areas controlled by the National Unity Government (NUG), earthquake rescue and emergency response operations are being carried out, and the production roads, bridges, and electrical poles that need urgent restoration are being repaired with the extensive efforts. 

Situation Report 4

A very severe earthquake with magnitude of 7.7 originated in the Sagaing region has caused major losses across 47 townships. Among these, the worst-affected areas are the townships in Mandalay, Amarapura, Naypyidaw, Sagaing, and Tada U, as well as Nyaung Shwe in Shan State. 

Situation Report 5

In Sagaing and Mandalay, which were the hardest-hit areas, cash-based transfer is in place, but people are facing a shortage of goods and have to buy them at inflated prices because of the inability to open the markets. Due to the expensive fee of demolishing the damaged buildings and piles of debris, 


Photos and Video footage

နိုင်ငံလုံးဆိုင်ရာပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ရက်သတ္တပတ် (၁၃-၄-၂၀၂၅ နေ့မှ ၂၀-၄-၂၀၂၅ နေ့အထိ) နိုင်ငံလုံးဆိုင်ရာပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ရက်သတ္တပတ် (၁၃-၄-၂၀၂၅ နေ့မှ ၂၀-၄-၂၀၂၅ နေ့အထိ)


Knowledge About Earthquake

ငလျင်နှင့် ပတ်သက်သည့် ဆောင်ရန် ရှောင်ရန် အချက်များ


ငလျင်လှုပ်ခတ်ပြီးနောက် အဖြစ်များတတ်သော ကူးစက်ရောဂါများ

ငလျင်လှုပ်ခတ်ပြီးနောက် အဖြစ်များတတ်သော ကူးစက်ရောဂါများ

– ရေမသန့်ရှင်းမှုကြောင့် ဖြစ်ပွားသည့် ဝမ်းပျက်ဝမ်းလျှောရောဂါများ

– ဖုန်အမှုန်များကြောင့် ဖြစ်ပွားသည့် အသက်ရှုလမ်းကြောင်းနှင့် အဆုတ်ရောင် ကူးစက်ရောဂါများ

– အင်းဆက်ပိုးမွှားများကြောင့် ဖြစ်ပွားသည့် ငှက်ဖျားနှင့် အခြားကူးစက်ရောဂါများ

– မေးခိုင်ပိုးဝင်ခြင်း

– ဝက်သက်ရောဂါ

– အရေပြားကူးစက်ရောဂါ

– အသည်းရောင်အသားဝါ A နှင့် E

ငလျင်ဒဏ်နှင့် သင့်ကျန်းမားရေး

– ငလျင်ကြောင့် ချက်ချင်းသက်ရောက်မှုများ

ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရခြင်းနှင့် အသက်ဆုံးရှုံးရခြင်း၏ အဓိကအကြောင်းရင်းမှာ ပြိုကျ၊ ပြုတ်ကျသော ပစ္စည်းများနှင့် ထိခိုက်မိခြင်းကြောင့်ဖြစ်သည်။ ငလျင်လှုပ်နေချိန်အတွင်း ခိုင်ခံ့မှုအားနည်းသော အဆောက်အအုံများ၊ နေအိမ်များအတွင် နေထိုင်သူများသည် ထိခိုက်ခံစားရနိုင်ခြေ မြင့်မားသူများဖြစ်သည်။ အဖြစ်များသော ထိခိုက်ဒဏ်ရာများမှာ အရိုးကျိုးခြင်းများ၊ အရာဝတ္ထုများ ပိမိခြင်းကြောင့် ဖြစ်သောဒဏ်ရာများ၊ ချွန်ထက်သော ပစ္စည်းများကြောင့်ဖြစ်သည့် ဖောက်ဝင်ဒဏ်ရာများ၊ အရေပြားပွန်းပဲ့ ထိခိုက်ပြတ်ရှဒဏ်ရာများ၊ မီးလောင်ဒဏ်ရာများ၊ ဦးခေါင်းထိခိုက်မိသောကြောင့် ဦးနှောက်ကို ထိခိုက်စေသည့် ဒဏ်ရာများ စသည်တို့ဖြစ်သည်။ ငလျင်ကြောင့်နောက်ဆက်တွဲဖြစ်ပေါ်သော ရေကြီးရေလျှံမှုများကြောင့် ရေနစ်ခြင်းများ၊ ရေထဲတွင် အချိန်ကြာမြင့်စွာနေရသောကြောင့် ကိုယ်အပူချိန်ကျခြင်းများ၊ အဆိပ်အတောက်ပစ္စည်းများ၊ အမှုန်အမွှားများ၊ စွန့်ပစ်ပစ္စည်းများ စသည်တို့နှင့် ထိတွေ့နိုင်သောကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကိုလည်း သတိပြုရပါမည်။

– ငလျင်ဒဏ်သင့်‌သော နေရာများတွင် နောက်ဆက်တွဲအနေဖြင့် အောက်ပါကျန်းမာရေးပြဿနာများ ကြုံတွေ့ရနိုင်ပါသည်။

* အနာပိုးဝင်ခြင်း (မကုသပါက အသက်ဆုံးရှုံးနိုင်ခြင်း)

ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူများသည် နောက်ဆက်တွဲအနာပိုးဝင်ခြင်းကို ဂရုပြုရမည်။ ကျန်းမာရေးစောင့်ရှောက်မှုမရခြင်း၊ အညစ်အကြေးများ၊ စွန့်ပစ်ပစ္စည်းများ၊ ရောဂါပိုး ပါဝင်သော ရေ၊ အမှုန်အမွှားတို့နှင့် ထိတွေ့ရခြင်းကြောင့် အနာပိုးဝင်နိုင်သည်။ အနာပိုးဝင်ခြင်းမှ အနာမကျက်ခြင်း၊ သွေးဆိပ်တက်ခြင်း (Sepsis)၊ ခြေလက်များဖြတ်တောက်ရခြင်းတို့ ဖြစ်စေနိုင်သည်။ အနာပိုးဝင်ခြင်းတို့တွင် မေးခိုင်ရောဂါပိုး (Tetanus) သည် အတွေ့ရအများဆုံးဖြစ်သည်။ ထိခိုက်ဒဏ်ရာရသူများသည် မေးခိုင်ရောဂါကာကွယ်ဆေးထိုးခြင်း၊ သင့်တော်သော ပိုးသတ်ဆေးနှင့် ကုသခြင်းတို့ကို လိုအပ်သည်။

* ကူးစက်ရောဂါများ

ငလျင်ဒဏ်ကြောင့် ရေပေးဝေမှုစနစ်များ ပျက်စီးခြင်း၊ သန့်ရှင်းသော သောက်သုံးရေမရခြင်း၊ ရေအရင်းအမြစ်များ ထိခိုက်ခြင်းတို့ကြောင့် ကူးစက်ရောဂါများဖြစ်ပွားနိုင်သည်။ ရေမှတစ်ဆင့် ကူးစက်သော ကာလဝမ်းရောဂါ (Cholera)၊ အသည်းရောင်အသားဝါ အေ ကဲ့သို့သော ရောဂါများကို သတိပြုရမည်။ နေထိုင်စရာမလုံလောက်ခြင်းနှင့် ငလျင်ကြောင့်ရွှေ့ ပြောင်းနေထိုင်ရခြင်းတို့ကြောင့် လူနေထူထပ်ကာ လေမှတစ်ဆင့်ကူးစက်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ (COVID-19၊ တုပ်ကွေး စသဖြင့်) လည်း ကူးစက်ဖြစ်ပွားနိုင်သည်။ ကာလဝမ်းရောဂါ (Cholera) စောင့်ကြပ်ကြည့်ရှု သတင်းပို့ခြင်းများ၊ ဝမ်းရောဂါကာကွယ်ဆေး (Oral Cholera Vaccine) များဖြင့် ထိခိုက်မှုကို လျှော့ချနိုင်သည်။

** ငလျင်လှုပ်ခတ်ပြီးနောက် အဖြစ်များတတ်သော ကူးစက်ရောဂါများမှာ

– ရေမသန့်ရှင်းမှုကြောင့် ဖြစ်ပွားသည့် ဝမ်းပျက်ဝမ်းလျှောရောဂါများ

– ဖုန်အမှုန်များကြောင့် ဖြစ်ပွားသည့် အသက်ရှုလမ်းကြောင်းနှင့် အဆုတ်ရောင် ကူးစက်ရောဂါများ

– အင်းဆက်ပိုးမွှားများကြောင့် ဖြစ်ပွားသည့် ငှက်ဖျားနှင့် အခြားကူးစက်ရောဂါများ

– မေးခိုင်ပိုးဝင်ခြင်း

– ဝက်သက်ရောဂါ

– အရေပြားကူးစက်ရောဂါ

– အသည်းရောင်အသားဝါ အေ နှင့် အီး

– နာတာရှည်ရောဂါဝေဒနာရှင်များ

သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ တီဘီရောဂါ စသည့် နာတာရှည်ရောဂါဝေဒနာများ ခံစားနေရရှာသူများသည်လည်း ငလျင်ဒဏ်ကြောင့် နောက်ဆက်တွဲဆိုးကျိုးများ ခံစားရနိုင်ခြေ များပါသည်။ ပုံမှန်ရယူနေကျဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှုမရခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရာနေရာများ ထိခိုက်ပျက်စီးခြင်းတို့ကြောင့် ဆေးဝါးပြတ်လပ်ခြင်းများ ကြုံတွေ့ရနိုင်သည်။ လေ့လာမှုများအရ ငလျင်ဒဏ်ခံရသော ဒေသများရှိလူများသည် ဆီးချိုရောဂါဖြစ်ပွားနှုန်း တက်လာကြောင်းတွေ့ရသည်။

– ကိုယ်ဝန်‌ဆောင်များ

ငလျင်ဒဏ်သင့်ပြီးနောက်တွင် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုများ၊ သန္ဓေတားနည်းလမ်းများ လုံလောက်စွာ မရခြင်းကြောင့် အစီအစဉ်မရှိသော ကိုယ်ဝန်ဆောင်များ မြင့်တက်လာခြင်း၊ ကိုယ်အလေးချိန်မပြည့်သော ကလေးမွေးနှုန်း မြင့်တက်လာခြင်း၊ အသေမွေး (Still Birth) များ မြင့်လာခြင်း‌တို့ ကြုံတွေ့နိုင်သည်။

– ကျန်းမာရေးစနစ်ပြိုလဲခြင်း

အင်အားပြင်းငလျင်ဒဏ်ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသော ဆေးရုံဆေးခန်းများ ထိခိုက်ပျက်စီးခြင်း၊ ကျန်းမာရေးလုပ်သားများ ငလျင်ဒဏ်ခံစားရခြင်း၊ လမ်းပန်းပို့ဆောင်ရေးနှင့် အခြားအခြေခံအဆောက်အအုံများ ထိခိုက်ခြင်း၊ လူနာအမြောက်အမြားကို ကြည့်ရှုကုသရခြင်း စသည့်အချက်များသည် ကျန်းမာ‌ရေးစနစ်ကို ထိခိုက်ပြိုလဲစေသည်။ မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုကြောင့် ယိမ်းယိုင်အားနည်းနေသော ကျန်းမာရေးစနစ်သည် ငလျင်ဒဏ်ကြောင့် ပိုမိုထိခိုက်ပျက်စီးမည်ဖြစ်သည်။ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များနှင့် ကလေးငယ်များ၊ နာတာရှည်ရောဂါသည်များသည် အများဆုံးထိခိုက်ခံစားရမည့်သူများဖြစ်သည်။

– စိတ်ကျန်းမာရေးဆိုင်ရာ ထိခိုက်ခံစားရမှုများ

ငလျင်ဒဏ်ကို ကြုံတွေ့ခံစားရသော သူများသည် စိုးရိမ်ပူပန်ခြင်း၊ စိတ်ခံစားမှု အတက်အကျဖြစ်ခြင်း၊ အိပ်မပျော်ခြင်းများ ခံစားရနိုင်ပြီး နောက်ဆက်တွဲအနေဖြင့် စိတ်ကျရောဂါနှင့် ပြင်းထန်စိတ်ဖိစီးမှု ဒဏ်သင့်ရောဂါ (PTSD) များ ခံစားရနိုင်‌ခြေရှိပါသည်။

– နေရာရွှေ့ပြောင်းနေထိုင်ရခြင်း

ငလျင်ကြောင့် နေအိမ်အဆောက်အအုံများ ပြိုကျပျက်စီးသည့်အတွက် ယာယီနေရာများတွင် နေထိုင်ရသူများသည် မသန့်ရှင်းသော ရောဂါပိုးများ ထိတွေ့နေသည့် ရေများ၊ အမှုန်အမွှားများ၊ ဓာတုပစ္စည်းများနှင့် ထိတွေ့နိုင်ပြီး နောက်ဆက်တွဲကျန်းမာရေးပြဿနာများ ဖြစ်စေနိုင်သည်။ ရွှေ့ပြောင်းနေထိုင်စဉ်အတွင်း နေထိုင်မှုပုံစံပြောင်းလဲမှုများ (အစားအသောက်ပုံစံ၊ အိပ်စက်ခြင်းပုံစံ၊ ဆေးလိပ်နှင့် အရက်များ ပိုမိုသောက်သုံးခြင်း) စသည်တို့ကြောင့် နောက်ဆက်တွဲ နာတာရှည်ရောဂါများ ပိုမိုဖြစ်ပွားနိုင်သည်။

– တိရစ္ဆာန်များအပေါ် ထိခိုက်ခြင်းနှင့် အစားအစာပြဿနာများ

ငလျင်ကြောင့် ကျွဲ၊ နွား စသော လုပ်ငန်းသုံးတိရစ္ဆာန်များ၊ မွေးမြူရေးတိရစ္ဆာန်များ ထိခိုက်သေဆုံးရပြီး ကုသမှုများ မလုံလောက်သောကြောင့် တိရစ္ဆာန်များမှတစ်ဆင့် ကူးစက်တက်သော ရောဂါများဖြစ်ပွားနိုင်ခြေ များလာနိုင်ပါသည်။ စိုက်ပျိုးမြေများ ထိခိုက်ပျက်စီးခြင်း၊ ရေအရင်းအမြစ်များ မသန့်ရှင်းသောကြောင့် အစားအစာနှင့် ရေ ရှားပါးပြတ်လပ်ခြင်းများ ကြုံတွေ့ရနိုင်သည်။ ထိုမှတစ်ဆင့် အစာနှင့် ရေတို့မှတစ်ဆင့် ကူးစက်ဖြစ်ပွားတတ်သော ရောဂါများ ဖြစ်ပွားနိုင်ခြေ မြင့်မားလာနိုင်ပါသည်။

Contact

  1. လူသားချင်းစာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန 

          Email: mohadm@nug.sjmyanmar.com 

  1. နိုင်ငံခြားရေးဝန်ကြီးဌာန

           Email: mofa@nug.sjmyanmar.com

  1. Press office Team

          Signal: (+1) 332-240-3557

          Email: pst@nug.sjmyanmar.com

       4. NUG Hotline

           Telegram: t.me/nugpublicaffairsbot

Scroll to Top