၂၀၂၅ ခုနှစ် ၊ မတ်လ (၂၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် မြေငလျင်ဘေးဒဏ်ကို ကြုံတွေ့နေရပြီးနောက်ပိုင်း တပတ်အတွင်း အကြမ်းဖက်စစ်အုပ်စု သည် လေကြောင်း နှင့် လက်နက်ကြီးဖြင့် တိုက်ခိုက်မှုစုစုပေါင်း (၉၂)ကြိမ် ပြုလုပ်ခဲ့ရာ အသက် ၁၈ နှစ်အောက်ကလေးငယ် (၆) ဦး၊ အမျိုးသမီး အယောက်(၃၀)အပါအဝင် အရပ်သားပြည်သူ (၇၂) ဦး အသက်ဆုံးရှုံးခဲ့ရသည်။
ထိုသို့တိုက်ခိုက်မှုများတွင် ငလျင်ဘေးဒဏ်ကို အဆိုးဝါးဆုံးခံစားခဲ့ရသည့် စစ်ကိုင်းတိုင်းအတွင်း တိုက်ခိုက်မှု (၁၈)ကြိမ်နှင့် မန္တလေးတိုင်းအတွင်း လည်း (၁၈) ကြိမ် ပါဝင်ခဲ့သည်။
အသေးစိတ်အချက်အလက်များကိုအောက်ပါ Infographic များတွင် ကြည့်ရှုနိုင်သည်။
(၂၈.၃.၂၀၂၅ ရက်နေ့ (၁၃း၀၀) နာရီ မှ ၈.၄.၂၀၂၅ ရက်နေ့ (၁၄:၀၀) နာရီ အထိ လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာနက အတည်ပြု ရရှိထားသောအချက်အလက်များ ဖြစ်ပါသည်။
ယခုထက်ပိုမိုများပြားနိုင်ပြီး ထပ်တိုးစာရင်းများ ရှိနိုင်ပါသည်။)

