၂၆ စက်တင်ဘာလ ၂၀၂၅
ပြည်ထောင်စုအစိုးရနှင့်ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်(FSCC)၊ ရန်ကုန်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH)နှင့် ရန်ကုန်ဖက်ဒရယ်ယူနစ်၏ ကြားကာလအစီအမံ(မူကြမ်း)ရေးဆွဲရေးကော်မရှင်တို့တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၅ခုနှစ် စက်တင်ဘာလ ၂၅ရက် ညနေ၆နာရီက video conferencing meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည်။
တွေ့ဆုံပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာလျန်မှုန်းဆာခေါင်းနှင့် FSCC အဖွဲ့ဝင်များ၊ ရန်ကုန်လွှတ်တော်ဥက္ကဌဦးတင့်လွင်နှင့် ရန်ကုန်လွှတ်တော်ကိုယ်စားပြုကော်မတီ CRYH အဖွဲ့ဝင်များ၊ ရန်ကုန်ဖက်ဒရယ်ယူနစ်၏ ကြားကာလအစီအမံ(မူကြမ်း)ရေးဆွဲရေးကော်မရှင်ဥက္ကဋ္ဌ ဦးမင်းမင်း၊ အတွင်းရေးမှူးအဖွဲ့နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲ၌ ပြည်ထောင်စုအစိုးရနှင့်ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ညှိနှိုင်းပေါင်းစပ်လုပ်ကိုင်ရမည့်ကိစ္စရပ်များနှင့်ပတ်သက်ပြီး အပြန်အလှန်မေးမြန်ဆွေးနွေးခြင်း၊ အကြံပြုခြင်းများဆောင်ရွက်ခဲ့ကြကာ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဥ်များကိုလည်း သဘောတူညီခဲ့ကြပါသည်။




