၂၀၂၅ စက်တင်ဘာ ၂၅
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဖဒိုကွယ်ထူးဝင်းတို့ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံချိန်အတွင်း နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်စေရန် တော်လှန်ရးအင်အားစုများကြား ပူးပေါင်း လက်တွဲ လုပ်ဆောင်သွားမည့် ကဏ္ဍများနှင့်စပ်လျဥ်း၍ အကျယ်တဝံ့ ဆွေးနွေးခဲ့ကြပါသည်။
တော်လှန်ရေးအင်အားစုများကြား ယခုထက် ပိုမို စည်းလုံးညီညွတ်စွာ လက်တွဲပြီး မြန်မာနိုင်ငံ စစ်အာဏာရှင်လက်လက်အောက်မှ အပြီးတိုင် လွတ်မြောက်ရေး၊ စစ်အာဏာရှင်နှင့် အာဏာရှင်ဟူသမျှ အမြစ်ပြတ်တိုက်ဖျက်ရေး၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနှင့် လူထုသာယာဝပြောမှုတို့ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ဆက်လက်ပြီး ခိုင်မာစွာ အတူ လက်တွဲ ဆောင်ရွက်သွားကြရန်လည်း ခေါင်းဆောင်နှစ်ဦး သဘောတူခဲ့ကြပါသည်။
