Non-CDM ဝန်ထမ်းများအလင်းဝင်ရောက်ကြရန် အမိန့်ကြော်ငြာစာထုတ်ပြန်ခြင်း

ဇန်နဝါရီ ၂၂၊ ၂၀၂၄

အမိန့်ကြေညာချက်အမှတ် (၁၂/၂၀၂၃)

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ လ (၁၆) ရက်

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၄)ရက်

၁။မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း မြို့သိမ်းတိုက်ပွဲများကို ဆင်နွှဲနေကြပြီးဖြစ်ရာ ယခုအချိန်တွင် တော်လှန်ရေးအင်အားစုများအနေဖြင့် မြန်မာနိုင်ငံအနှံ့အပြားတွင် စစ်ရေး လှုပ်ရှားမှုများကို အရှိန်အဟုန် မြင့်မားစွာဖြင့် “လူထုတော်လှန်ရေးလှိုင်း” တစ်လှိုင်းပြီး တစ်လှိုင်း လှုပ်ရှားနေကြပြီး ဖြစ်ပါသည်။

၂။အဆိုပါ စစ်ရေးလှုပ်ရှားမှုများအတွင်း သိမ်းယူစိုးမိုးရရှိထားသည့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့မှ Non-CDM ဝန်ထမ်းများသည် ဌာနဆိုင်ရာ စာရွက်စာတမ်းများအား သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံသို့ စနစ်တကျ အပ်နှံပြီး အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်သို့ အလင်းဝင်ရောက်ကြရန် အကြောင်းကြားလိုက်သည်။

၃။Non-CDM ဝန်ထမ်းများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရမှ ပေးအပ်သည့် နောက်ဆုံးသော အခွင့်အရေးအနေဖြင့် ပြည်သူလူထုဘက်မှ ရပ်တည်ကြရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေများအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်ခြင်းကို မလွဲမသွေ ခံယူရမည်ဖြစ်ကြောင်း လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန်ကြေညာလိုက်သည်။

(ပုံ)

လွင်ကိုလတ်

Union Minister

ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန

Scroll to Top