တိုင်ဖွန်းမုန်တိုင်းရာဂီအရှိန်ကြောင့် မြန်မာနိုင်ငံအတွင်း ရေဘေးသင့်ဒေသများသို့ အရေးပေါ်တုံ့ပြန် ရေး အစည်းအဝေး ပြုလုပ်

စက်တင်ဘာ ၁၇ ၊ ၂၀၂၄
အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေး ကော်မရှင် သည် မြန်မာနိုင်ငံအတွင်း တိုင်ဖွန်းမုန်တိုင်းရာဂီ သက်ရောက်ခဲ့တဲ့ဒေသများသို့ အရေးပေါ်တုံ့ပြန်ရေးအတွက် အစည်းအဝေးကို စက်တင်ဘာ ၁၆ ရက် ညနေ ၅ နာရီမှာ ပြုလုပ်ခဲ့ ကြပါသည်။
အစည်းအဝေးမှာ လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် ဥက္ကဌ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ကော်မရှင် ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့၏ဆွေးနွေးမှုဖြင့် စတင်ခဲ့ပါသည်။
ဆက်လက်ပြီး လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရာဂီတိုင်ဖွန်းမုန်တိုင်းဒဏ် သက်ရောက်မှုကိုခံစားနေကြရတဲ့ ရေဘေးသင့်ပြည်သူများအတွက် EOCC ရဲ့ အရေးပေါ်တုံ့ပြန်ရေ ဆောင်ရွက်ထားရှိမှု အစီအစဉ် နဲ့ပတ်သက်သည့် လက်ရှိ ဆောင်ရွက်ထားရှိတဲ့ အခြေအနေများ၊ မုန်တိုင်းဒဏ်ကြောင့် မိုးကြီးရေလျှံမှုများကြုံတွေနေရတဲ့ အခြေအနေများ ၊ မြေပြင်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက် နေမှုများ၊ ပြည်သူသို့ ကြိုတင်၊ သတိပေးချက်များ အချိန်နဲ့တပြေးညီထုတ်ပြန်ပေးနေမှုများကို တင်ပြဆွေးနွေးခဲ့ပါသည်။
အဲဒီနောက် တက်ရောက်လာကြတဲ့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများကလည်း သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြု ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။
အစည်းအဝေးမှာ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (EOCC) အတွင်းရှိ လုပ်ငန်းအဖွဲ့များအနေနဲ့ သက်ဆိုင်ရာ ကဏ္ဍအလိုက်တာဝန်ယူ ဆောင်ရွက် ကြရန်၊ သဘာဝဘေးဒဏ် ခံစားခဲ့ရသော တိုင်းရင်းသားဒေသများမှ ကိုယ်စားလှယ်များနဲ့ ပူးတွဲကြေညာချက်များထုတ်ပြန်သွားနိုင်ရေး၊ EOCC လုပ်ငန်းအဖွဲ့ဝင်များ ဆက်လက်ညှိနှိုင်း ဆွေးနွေးကာ သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ချိတ်ဆက်ပြီး အကူအညီရရှိနိုင်ရေး‌ ဆောင်ရွက်ရန်၊ အရေးပေါ်ကာလအတွင်း မြေပြင်ရှိ ပအဖ၊ ပကဖများအနေဖြင့်လည်း ရေဘေးသင့် ပြည်သူများ အတွက် လမ်းပမ်းဆက်သွယ်မှု မပြတ်တောက်စေရေး အချိန်နဲ့ တပြေးညီ ချိတ်ဆက် ညွှန်ကြားပေးရေးရန် အစရှိတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့ပါသည်။
National Unity Government
Scroll to Top