ဖေဖော်ဝါရီ ၁၆၊ ၂၀၂၄
၁။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ မြောက်ဦး အခြေစိုက် ခမရ (၅၄၀)၊ ခမရ (၃၇၇)၊ ခမရ (၃၇၈) နှင့် အမှတ် (၃၁) ရဲတပ်ရင်းတို့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးများ ပေါက်ကွဲမှုကြောင့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မြောက်ဦး အမွေအနှစ်ဇုန် အတွင်းတည်ရှိသော မြောက်ဦး ရှေးဟောင်းသုတေသနပြတိုက်အတွင်းရှိ ရှေးခေတ် ရခိုင်အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်သကဲ့သို့ ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြု နိုင်ရန် တင်သွင်း ထားသော နှစ်ထောင်ပေါင်းများစွာသက်တမ်းရှိသည့် ကျောက်စာတိုင်များ၊ ရှေးဟောင်းယဉ်ကျေးမှု ဆိုင်ရာ ရုပ်ဝတ္ထုများ ပျက်စီးခဲ့ရကြောင်း သိရပါသည်။
၂။ ထိုကဲ့သို့ သမိုင်းဆိုင်ရာယဥ်ကျေးမှုအရ တန်ဖိုးမဖြတ်နိုင်သော အမွေအနှစ်များကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းသည် စစ်ရာဇာဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် မှတ်ယူသည်။
၃။ ဤကဲ့သို့ ဖျက်ဆီးကျူးလွန်ခြင်းများ ထပ်မံမဖြစ်ပွားစေရန်နှင့်ကျူးလွန်သော အကြမ်းဖက် စစ်တပ်ကို အရေးယူဆောင်ရွက်နိုင်စေရန် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
Ministry of Defence
National Unity Government