အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး Telegram Channel ဖွင့်လှစ်ကြောင်း ကြေငြာခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး Telegram Channel ဖွင့်လှစ်ကြောင်း ကြေငြာခြင်း
မြန်မာ့နွေဦးတော်လှန်ရေး၏ ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ၏ တော်လှန်ရေးတာဝန် ထမ်းရွက်မှုများ၊ ပြည်သူလူထုထံ အသိပေးတင်ပြလိုသည့် တော်လှန်ရေးသတင်းစကားများ၊ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်များကို ပြည်သူလူထု လွယ်ကူစွာ သိရှိစေနိုင်ရန် ရည်ရွယ်၍ President’s Office – NUG Myanmar Telegram Channel ကို ဖွင့်လှစ်လိုက်ပါသည်။

ဤ Telegram Channel သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်သမ္မတရုံး၏ တရားဝင် Telegram Channel ဖြစ်ပါသည်။ သမ္မတရုံး၏ Facebook စာမျက်နှာတွင်သာမက ဤ Telegram Channel တွင်လည်း ဝင်ရောက် ဖတ်ရှုနိုင်ခြင်းဖြင့် အများပြည်သူနှင့် ဆက်ဆံရေးပိုင်း ပိုမို ထိရောက် အားကောင်းစေရန် ရည်ရွယ်ပါသည်။

https://t.me/presidentofficenugmyanmar  ယခု Link ကို နှိပ်၍  President’s Office – NUG Myanmar  Telegram Channel ကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

Scroll to Top