အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး Telegram Channel ဖွင့်လှစ်ကြောင်း ကြေငြာခြင်း
မြန်မာ့နွေဦးတော်လှန်ရေး၏ ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ၏ တော်လှန်ရေးတာဝန် ထမ်းရွက်မှုများ၊ ပြည်သူလူထုထံ အသိပေးတင်ပြလိုသည့် တော်လှန်ရေးသတင်းစကားများ၊ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်များကို ပြည်သူလူထု လွယ်ကူစွာ သိရှိစေနိုင်ရန် ရည်ရွယ်၍ President’s Office – NUG Myanmar Telegram Channel ကို ဖွင့်လှစ်လိုက်ပါသည်။
ဤ Telegram Channel သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်သမ္မတရုံး၏ တရားဝင် Telegram Channel ဖြစ်ပါသည်။ သမ္မတရုံး၏ Facebook စာမျက်နှာတွင်သာမက ဤ Telegram Channel တွင်လည်း ဝင်ရောက် ဖတ်ရှုနိုင်ခြင်းဖြင့် အများပြည်သူနှင့် ဆက်ဆံရေးပိုင်း ပိုမို ထိရောက် အားကောင်းစေရန် ရည်ရွယ်ပါသည်။
https://t.me/presidentofficenugmyanmar ယခု Link ကို နှိပ်၍ President’s Office – NUG Myanmar Telegram Channel ကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။