“ဝမ်းနည်းကြောင်း သဝဏ်လွှာ”

(၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်)
ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဒုတိယဥက္ကဌဟောင်းတစ်ဦး ဖြစ်သည့် နော်စီဖိုးရာစိန်သည် ယနေ့မွန်းလွဲ ၂:၂၁ နာရီတွင် ထိုင်း-မြန်မာနယ်စပ်ရှိ မဲ့စလိယန်းမြို့ နေအိမ်တွင် ကွယ်လွန် သွားကြောင်း သိရှိရသည့်အတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းပူဆွေးရပါသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသမီးအဖွဲ့အစည်း (KWO)တို့တွင် ခေါင်း ဆောင်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး အမျိုးသမီးအဖွဲ့အစည်းများကွန်ယက် (WON)က ပေးအပ်သည့် အမျိုးသမီးငြိမ်းချမ်းရေးဆုကို ချီးမြှင့်အပ်နှင်းခြင်းခံရသည့် နော်စီဖိုးရာစိန်သည် စိတ်ဓာတ်ခိုင်မာ ပြတ်သားသည့် အမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်ပြီး ယခုကဲ့သို့ကွယ်လွန်သွားရခြင်းသည် ကရင်တိုင်းရင်းသားလူမျိုးတို့အတွက်သာမကမြန်မာတနိုင်ငံလုံးအတွက်အဖိုးတန်သည့် ခေါင်းဆောင်တစ်ဦး ဆုံးရှုံးသွားရသည်ဟု မှတ်ယူပါသည်။
နော်စီဖိုးရာစိန်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တိုင်းပြည်အာဏာကို မတရား သိမ်းယူခဲ့သော အကြမ်းဖက်စစ်အုပ်စု၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) ပျက်ပြယ်ကြောင်း အစောဆုံးထုတ်ဖော်ပြောကြားခဲ့သည့် အမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရအား အဖက်ဖက်မှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သူလည်း ဖြစ်သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ်လည်း ဖြစ်ပါသည်။
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက် နော်စီဖိုးရာစိန်၏ ကြိုးပမ်းဆောင်ရွက်မှုများကို လေးစားအသိအမှတ်ပြုပါကြောင်း မှတ်တမ်းတင်ရင်း ဤဝမ်းနည်း ကြောင်း သဝဏ်လွှာအား ပေးပို့အပ်ပါသည်။
National Unity Government
Scroll to Top