အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ် (Massacres) တွေကို အချိန်နဲ့အမျှ တပြေးညီလေ့လာ ကိုးကားအသုံးပြုနိုင်ဖို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက Data Dashboard အနေနဲ့ ထပ်မံထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ် (Massacres) တွေကို အချိန်နဲ့အမျှ တပြေးညီလေ့လာ ကိုးကားအသုံးပြုနိုင်ဖို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက Data Dashboard အနေနဲ့ ထပ်မံထုတ်ပြန်လိုက်ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကို ပေးပို့တိုင်ကြားလာတဲ့အချက်တွေနဲ့ စနစ်တကျကောက်ယူ စုဆောင်းထားတဲ့အချက်တွေကို အခြေခံပြီး ကိန်းဂဏန်းတွေကို သုတေသနပြုလုပ် ဖော်ပြထားတာဖြစ် ပါတယ်။ ဒီ dashboard မှာဖော်ပြထားတဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (Massacre) ဆိုတာ ဖြစ်စဉ်တခုတည်းမှာ လူ ၅ဦးနဲ့အထက် သတ်ဖြတ်ခံရတာကို ဆိုလိုခြင်းဖြစ်ပါတယ်။
🔎 What’s inside?
အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်စဉ်အရေအတွက်
သေဆုံးသူအရေအတွက်
ဖြစ်စဉ်တွေရဲ့နေရာဒေသ
အသက်အပိုင်းအခြာ
ကျား/မ
နှစ်အလိုက်
📊 လက်ရှိ Dashboard ကိုကြည့်မယ်ဆိုရင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်ပေါင်း - ၃၇၈ မှု နဲ့ သေဆုံးသူပေါင်း -၄,၀၂၃ ဦး ရှိနေတာကို တွေ့ရမှာပဲဖြစ်ပါတယ်။
🗓️ New updates the first week of each month!
(Note: A VPN is required to access local servers.)
Scroll to Top