စစ်ကိုင်းတိုင်းအတွင်းရှိ ဗလီတခုတွင် ဝတ်ပြုဆုတောင်းနေချိန် ငလျင်လှုပ်ခတ်မှုကြောင့် ဗလီအဆောက်အဦ ပြိုကျပြီး (၂)ဦးသေဆုံးကာ (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ မြို့နယ်ပအဖတာဝန်ခံနှင့်အတူ လူသားစာနာ ကိုယ်စားလှယ်၊ပလဖခေါင်းဆောင်၊ပလဖဒုခေါင်းဆောင်၊စခန်းမှူး၊စည်ပင်တာဝန်ခံ၊စိုက်/မွေးတာဝန်ခံ၊သယံဇာတတာဝန်ခံ၊တိုက်နယ်(၁)ပအဖ/ပလဖတာဝန်ခံ၊တိုက်နယ်(၃)ပအဖ/ပလဖတာဝန်ခံများ နယ်မြေကွင်းဆင်းပြီး သေဆုံးသူ(၂)ဦးအတွက် (၂)သိန်းကျပ်၊ ထိခိုက်သူ(၈)ဦးအတွက် (၄)သိန်းကျပ် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
