အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေဖြင့် လတ်တလော ငလျင်ဘေးဒဏ်ကြောင့် အရေးပေါ် အထောက်အပံ့အကူအညီ လိုအပ်လျက်ရှိသော နေရာဒေသအသီးသီးမှ ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေး၊ စားနပ်ရိက္ခာထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး ကိစ္စရပ်များကို အစွမ်းကုန် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူများအနေဖြင့် အဆိုပါ ကိစ္စရပ်များအတွက် ဝန်ကြီးဌာန၏ အောက်ဖော်ပြပါ QR code များသို့ တိုက်ရိုက် ပါဝင်လှူဒါန်းနိုင်ကြပါသည်။
လက်ခံရရှိသော ကူညီကယ်ဆယ်ရေး အလှူငွေများကို ငလျင်ဘေးဒဏ်သင့် ပြည်သူများထံသို့ မြေပြင်ရှိ တိုက်ရိုက်ကူညီဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများနှင့် ချိတ်ဆက် ထောက်ပံ့ပေးသွားမည် ဖြစ်ပါကြောင်း အသိပေးတိုက်တွန်းအပ်ပါသည်။
