ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီးတို့ ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ၊လွှတ်တော် အတွင်းဝန် နှင့်တွေ့ဆုံ

လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နှင့် ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး တို့သည် ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာန ၊ လွှတ်တော် အတွင်းဝန် Mr. Hon. Rob Oliphant နှင့် ၂၀၂၄ ခုနှစ်၊ မေလ (၂၃) ရက်နေ့တွင် ကနေဒါနိုင်ငံ၊ အော်တိုဝါမြို့ရှိ လွှတ်တော်အတွင်းဝန် ရုံးခန်းတွင် တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင်အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်‌ရေး နှင့် တရားမျှတမှု ဖော်ဆောင်‌ရေး၊ လူသားချင်းစာနာထောက်ထားမှု ပံ့ပိုးပေးရေး၊ အကြမ်းဖက်စစ်အုပ်စုအပေါ် ပိတ်ဆို့အရေးယူမှုများကို ထိရောက်စွာ အကောင်အထည်ဖော်ရေးတို့အပြင် ဒေသတွင်းလုံခြုံရေးအခြေအနေများကိုလည်း ပွင့်လင်းမြင်သာစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန

Scroll to Top