ရေကြီးရေလျှံပြီးနောက် လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ

(စက်တင်ဘာလ၊ ၂၀၂၄ ခုနှစ်)
မုန်တိုင်းတိုက်ခတ်ပြီးနောက် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးမှုကြောင့် ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ (ဥပမာ – တိုက်ဖွိုက်ရောဂါ၊ လက်ပတိုစပိုင်ရိုးစစ်ရောဂါ) နှင့် ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ (ဥပမာ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေး ရောဂါ) တို့ ဖြစ်ပွားနိုင်ခြေများနိုင်ပါသည်။
🌊 ရေ
– သောက်သုံးရေကို စိတ်ချရသော ရေအရင်းအမြစ်မှ ရယူသုံးစွဲပါ။
🌊 အစားအစာ
– အစားအစာကို ကျက်အောင် ချက်ပြုတ်ပါ။ စားကြွင်းစားကျန်များကို စနစ်တကျ စွန့်ပစ်ပါ။
🌊 တစ်ကိုယ်ရေသန့်ရှင်းရေး
– အစာမစားမီ လက်ဆေးပါ။ အိမ်သာအသုံးပြုပြီးတိုင်း လက်ဆေးပါ။
🌊 ရေမစီးဘဲ ဝပ်နေခြင်း
– ခြင်မပေါက်ဖွားစေရန် အိမ်တွင်းနှင့် အိမ်ပတ်လည်ရှိ ရေဝပ်သောနေရာများကို ရှင်းလင်းပါ။
🌊 ကြီးကြပ်ခြင်း
– လက်ပတိုစပိုင်ရိုးစစ် ကဲ့သို့ရောဂါများ မဖြစ်စေရန် ကလေးများကို ရေကြီးနေသောနေရာရှိ ရေထဲတွင် ဆော့ကစားခြင်း မပြုစေရ။
🌊 သန့်ရှင်းရေး
– ပတ်ဝန်းကျင်ကို ရှင်းလင်းပါ။ ခြင်ပေါက်ဖွားရာနေရာများကို ဖယ်ရှားပါ။
🌊 မသန့်ရှင်းသောအစားအစာများ
– ရေကြီးနေသောနေရာမှ ရေဖြင့် ထိတွေ့မိသော အစားအစာများနှင့် ပျက်စီးသွားသော အစားအစာများကို စွန့်ပစ်ပါ။
👩‍⚕️ သင် သို့မဟုတ် မိသားစုဝင်တစ်ဦးဦး ကူးစက်ရောဂါ လက္ခဏာတစ်ခုခု ဖြစ်ပွားပါက ဆရာဝန်နှင့် ချက်ခြင်းပြသပါ။
👨‍⚕️အထူးသဖြင့် သင်သည် ကယ်ဆယ်ရေးစခန်းတွင် ရှိနေပါက အခြားသူများသို့ ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်စေနိုင်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန
National Unity Government
Scroll to Top