အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနသည်အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ငလျင်ဒဏ် ကြုံတွေ့ခံစားခဲ့ရသည့် အလုပ်သမားများအတွက် လိုအပ်သော ကူညီမှုများနှင့် ထောက်ပံ့ပေးခြင်းများ ပြုလုပ်ခဲ့
ဧပြီ ၂ ၊ ၂၀၂၅ ခုနှစ်
(၂၈.၃.၂၀၂၅)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Chatuchak စျေးအနီး ဆောက်လုပ်နေဆဲ အစိုးရငွေစာရင်းစစ်ရုံး အဆောက်အဦ ပြိုကျခဲ့ပြီး ထိခိုက်ဒဏ်ရရှိမှု၊ သေဆုံးမှုနှင့် ပျောက်ဆုံးနေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ လိုအပ်သည်များ ကူညီပံ့ပိုးပေးနိုင်ရန်အတွက် (၂၉.၃.၂၀၂၅)ရက်နေ့မှစ၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနသည်မိတ်ဖက်အဖွဲ့အစည်း များနှင့်အတူ ပြိုကျခဲ့သည့်နေရာသို့ နေ့စဉ်ရက်ဆက်သွားရောက်၍ အသက်မသေပဲလွတ်မြောက်လာသည့် အလုပ်သမားများ၊ မိသားစုဝင်များနှင့် တွေ့ဆုံကာ နှစ်သိမ့်အားပေးစကားပြောကြားခြင်း၊ လိုအပ် သည်များကူညီပံ့ပိုးပေးခြင်း နှင့်ပြင်းထန်ဒဏ်ရာရသူများကို သွားရောက်တွေ့ဆုံ၍ မိသားစုများနှင့် ဆက်သွယ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး (၂.၄.၂၀၂၅)ရက်နေ့ မနက် (၆) နာရီအထိ ပျောက်ဆုံးနေသော အလုပ်သမား (၇၂) ဦးကျန်ရှိနေသေးကြောင်း၊ ဒဏ်ရာရရှိပြီးဆေးကုသဆဲ အလုပ်သမား (၉)ဦးအနက် မြန်မာရွှေ့ပြောင်းအလုပ်သမား (၈)ဦိး၊ သေဆုံးသူ အလုပ်သမား (၁၅)ဦးအနက် မြန်မာရွှေ့ပြောင်းအလုပ်သမား (၃)ဦိး အား အတည်ပြုထားနိုင်ပြီး အဆိုပါ အလုပ်သမားများ၏ နစ်နာမှုများအတွက် ဥပဒေနှင့်အညီ ဆက်လက် ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။
