တရားမဝင် အတုအယောင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ရပ်တည်ချက်နှင့် သဘောထားအား ထုတ်ပြန်ကြေညာခြင်း

၂၀၂၅ခုနှစ်၊ ဩဂုတ်လ (၂၄)ရက်
၁။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူ့အစိုးရခေါင်းဆောင်များကို မတရား ဖမ်းဆီးပြီး နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ခဲ့သည့် စစ်တပ်သည် ရွေးကောက်ပွဲကျင်းပပိုင်ခွင့် အခွင့်အာဏာ အလျဉ်းမရှိသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ပြည်သူလူထု၏ရန်သူ(The Enemy of the State) အဖြစ် ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၅) ရက်နေ့တွင် ကြေညာခြင်းခံထားရသည့် အဖွဲ့အစည်းတခုသာဖြစ်သည်။
၂။ ၂၀၂၁ ခုနှစ် မတ်လ (၃၀) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်ကြောင်းကြေညာခဲ့ပြီးဖြစ်သောကြောင့် အဆိုပါ အခြေခံဥပဒေအတိုင်း လုပ်ဆောင်လျက်ရှိသော အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်မှန်သမျှသည် တရားမဝင်သော၊ ဥပဒေမဲ့ လုပ်ရပ်များသာဖြစ်သည်။
The results of the 2020 general election remain valid. The sham election being forced by the junta seeks only to prolong its grip on power and grant impunity for war crimes, thereby violating democratic principles and unlawfully seizing the people’s sovereign authority.
၃။၂၀၂၀ ရွေးကောက်ပွဲရလဒ်သည် နိုင်ငံရေးအရ တရားဝင်မှုရှိနေဆဲဖြစ်ပြီး အဆိုပါ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာသည့် ဥပဒေပြုရေးမဏ္ဍိုင်များ၊ အုပ်ချုပ်ရေးမဏ္ဍိုင်များ အခိုင်အမာ တည်ရှိနေပြီးဖြစ်သည်။ ပြည်သူလူထု၏သဘောဆန္ဒနှင့် ဆန့်ကျင်ပြီး ၎င်းတို့၏ အာဏာ တည်မြဲရေးနှင့် ကျူးလွန်ခဲ့၊ ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများမှ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိရေးတို့အတွက် တရားမဝင် အတုအယောင်ရွေးကောက်ပွဲတခုကို ဇွတ်အတင်းဖန်တီးပြုလုပ်ခြင်းသည် ဒီမိုကရေစီကျင့်စဉ်ကို ချိုးဖောက်ခြင်းအပြင် ပြည်သူ့အချုပ်အချာ အာဏာကို မတရားရယူရန်ကြိုးစားခြင်း ဖြစ်သည်။
၄။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်တပ်က ကြိုးကိုင်ထားသော ဟန်ပြ နိုင်ငံရေးလှည့်စားမှု မဟုတ်ဘဲ ပြည်သူက တွန်းအားပေးသော၊ အားလုံးပါဝင်နိုင်မှုရှိသော၊ ဒီမိုကရေစီ နည်းကျသော လုပ်ငန်းစဉ်ကသာ မြန်မာနိုင်ငံ၏ အနာဂတ်ကို အမှန်တကယ် ဆုံးဖြတ်ပေးနိုင်မည်ဟု ယုံကြည်သောကြောင့် မဟာမိတ်တိုင်းရင်းသားအဖွဲ့များအပါအဝင်၊ တော်လှန်ရေးအင်အားစုများနှင့် လက်တွဲကာ မိမိတို့၏ ပင်မနိုင်ငံရေးလမ်းကြောင်းဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အခန်း(၃) နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၁၁) တွင် ပြဌာန်းထားသည့် "တိုင်းပြုပြည်ပြု ညီလာခံက ရေးဆွဲအတည်ပြုထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လူထုဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုပြဌာန်းခြင်းနှင့် ရွေးကောက်ပွဲကျင်းပခြင်း" မူဘောင်အတိုင်း ရပ်တည်ကာ စနစ်ပြောင်းတော်လှန်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
For generations, the terrorist military has subjected the ethnic peoples and the citizens of Myanmar to various forms of oppression, persecution, ethnic cleansing, and war crimes. They are perpetrators of crimes against humanity, wanted by the international prosecutors. Since February 2021, the terrorist military has committed grave crimes against humanity, including mass killings, aerial bombardments, artillery attacks, and ethnic persecution. Beginning in August 2025, it has escalated violence to force through its fraudulent election under a new name and structure.
၅။ ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က စစ်အုပ်စုနှင့် ၎င်း၏ လက်အောက်ခံဖြစ်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမည်ခံ အဖွဲ့အစည်းတို့ကို အကြမ်းဖက် အုပ်စုများအဖြစ်ကြေညာထားပြီးဖြစ်ရာ အမျိုးသားညီညွတ်ရေးအစိုးရ၏ စိုးမိုးထိန်းချုပ်နယ်မြေများအတွင်း တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ဇွတ်အတင်းပြုလုပ်ရန် ပြည်သူလူထုအား ဖိအားပေးဆောင်ရွက် လာမှုများရှိပါက ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာ ဖမ်းဆီးအရေးယူဆောင်ရွက်သွားမည် ဖြစ်သည်။ ၆။ အကြမ်းဖက်စစ်အုပ်စုသည် ခေတ်အဆက်ဆက် တိုင်းရင်းသားပြည်သူများနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားများအပေါ် နည်းလမ်းပေါင်းစုံဖြင့် ဖိစီးနှိပ်စက်မှုများ၊ လူမျိုးတုန်းသတ်ဖြတ်မှုများ၊ စစ်ရာဇဝတ်မှု များကို ကျူးလွန်ခဲ့သဖြင့် ကမ္ဘာကအလိုရှိနေသော စစ်ရာဇဝတ်သားများဖြစ်သလို ပြည်သူ့အာဏာကို မတရားလုယူရန်ကြိုးစားခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်မှ စတင်သည့် ပြည်သူ့နွေဦးတော်လှန်ရေး တွင်လည်း ပြည်သူလူထုအပေါ် ကြီးမားသည့် စစ်ရာဇဝတ်မှုမြောက်များစွာ ဆက်လက်ကျူးလွန်ခဲ့သည့် အစုအဖွဲ့လည်းဖြစ်သည်။ ယခု ၂၀၂၅ ခုနှစ် ဩဂုတ်လမှ စတင်၍ အကြမ်းဖက်စစ်အုပ်စုသည် အမည်နာမနှင့် ဖွဲ့စည်းပုံပြောင်းလဲကာ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ဇွတ်အတင်း ပြုလုပ်နိုင်ရန်ရည်ရွယ်ပြီး ပြည်သူလူထုကို ပစ်မှတ်ထားသည့် ဗုံးကြဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများ၊ စစ်ကြောင်းထိုး တိုက်ခိုက်မှုများ၊ ကြီးမားသော စစ်ရာဇဝတ်မှုများကို ဆတိုးလုပ်ဆောင်လာလျက်ရှိသည်ကိုလည်း တွေ့ရသည်။
၇။ ပြည်တွင်း၊ ပြည်ပ ကမ္ဘာအရပ်ရပ်တွင်ရှိကြသော မြန်မာပြည်သူလူထုသည် အကြမ်းဖက်စစ်တပ်၏ မတရားအာဏာလုယူရန်ကြိုးစားမှုကို လက်မခံကြောင်း ဖိနှိပ်မှုများစွာကြားထဲကပင် နည်းလမ်းမျိုးစုံဖြင့် ဆန္ဒ ဖော်ထုတ်ပြသခဲ့ကြပြီးဖြစ်သကဲ့သို့ ယခုကဲ့သို့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲတခုကို သေနတ် ထောက်၊ ဓားမိုး၍ ဇွတ်အတင်းပြုလုပ်ရန်ကြိုးစားလာမှုကိုလည်း တတ်စွမ်းသည့်နည်းဖြင့် ဆန့်ကျင်တော်လှန် ကြဦးမည်ဟု အပြည့်အဝယုံကြည်ပါသည်။
၈။ နိုင်ငံတကာ အစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဒီမိုကရေစီ မဟာမိတ်များအနေဖြင့် အကြမ်းဖက်စစ်အုပ်စုက ဇွတ်အတင်းပြုလုပ်မည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို ပြေလည်စေမည့် အဖြေမဟုတ်ကြောင်းနှင့် ၎င်းလုပ်ရပ်ကို ထောက်ခံအားပေးခြင်းသည် မြန်မာပြည်သူလူထုအပေါ် စစ်အုပ်စုက ကျူးလွန်ခဲ့၊ ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများအား ထောက်ခံအားပေးခြင်း၊ အဆိုပါ ပြစ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အထောက်အကူပြုခြင်းတို့နှင့် အလားသဏ္ဍာန်တူသည်ကို သတိချပ်ကြလျက် မြန်မာပြည်သူများနှင့်အတူ ခိုင်မြဲစွာ ရပ်တည်ပြီး စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ငြင်းပယ်ရန်၊ ကျွန်ုပ်တို့နိုင်ငံတွင် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ပြန်လည်ရရှိရေး ကြိုးပမ်းမှုအတွက် ပံ့ပိုးမှုကို အားဖြည့်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရက အလေးအနက် တိုက်တွန်းလိုက်သည်။
Recognize that supporting such an act would condone war crimes and promote impunity.
Stand firmly with the people of Myanmar in their struggle for democracy, human rights, and lasting peace.
အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top