Press Release

ပင်လည်ဘူး အောင်ပွဲရ ရဲဘော်များအား ကာကွယ်ရေးဝန်ကြီး သွားရောက် တွေ့ဆုံ အားပေး
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်သည် ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးတွင် ပါဝင်ခဲ့သော အောင်ပွဲရ ရဲဘော်များအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် သွားရောက် တွေ့ဆုံ အားပေးခဲ့သည်။
ခရီးစဥ်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်သည် သိမ်းပိုက်ရရှိထားသော ပင်လည်ဘူးမြို့အား ဝင်ရောက် စစ်ဆေးခြင်းနှင့် လက်နက်ချ အညံ့ခံ ပူးပေါင်းလာသော စစ်သုံ့ပန်းများအား တွေ့ဆုံခြင်း များလည်း ဆောင်ရွက်ခဲ့ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
Ministry of Defence
National Unity Government
Scroll to Top