ဖေဖော်ဝါရီ ၁၉၊ ၂၀၂၄
မိဘပြည်သူအပေါင်းတို့ ခင်ဗျား
၁။ အကြမ်းဖက်စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင်ရှိသော ငွေကြေးစနစ်များအပေါ် မှီခိုနေရမှုကို အဆုံးသတ်ရန်၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းနိုင်ရေး အတွက် သီးခြားလွတ်လပ်၍ လုံခြုံစိတ်ချရသော ငွေကြေးစနစ်တစ်ခုကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ အမျိုးသားညီညွတ်ရေး အစိုးရ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK) နှင့် NUGPay မိုဘိုင်းပိုက်ဆံအိတ်အစီအစဉ်ကို ၂၀၂၂၊ ဇွန်လတွင် စတင်ခဲ့ပါသည်။
၂။ ပြည်သူလူထု၏ တော်လှန်သော သံဓိဌာန်ဖြင့် NUGPay ကို အသုံးပြု၍ အားပေးဝန်းရံပေးမှုကြောင့် ယနေ့တွင် ငွေပေးငွေယူပြုလုပ်သော ငွေပမာဏစုစုပေါင်းတန်ဖိုး ဘီလီယံ ၁၀၀၀ (၁ ထရီလီယံ) သို့ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။
၃။ ၄င်းမှာ စစ်အာဏာရှင်၏ ဖိနှိပ်မှုကို တွန်းကန်တော်လှန်သော ပြည်သူများကိုယ်တိုင်လည်ပတ်သည့် ပြည်သူ့ငွေကြေးစနစ်တစ်ခု၏ မှတ်တိုင်တစ်ရပ်ပင်ဖြစ်ပါသည်။
၄။ NUGPay စတင်ခဲ့ချိန်မှ ယခုထိ အခက်အခဲများကြုံရသော်ငြား လက်တွဲမဖြုတ်ပဲ အမြဲရှိနေပေးသော ဝန်းရံသူပြည်သူများနှင့် သုံးစွဲသူတော်လှန်ပြည်သူများကို အထူးပင် ကျေးဇူးတင်၍ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
၅။ NUGPay သည် မြန်မာပြည်သူတို့၏ သတ္တိ၊ လုံ့လ၊ ဝီရိယရှိမှု၊ ကြံ့ကြံ့ခံနိုင်မှု၊ လွတ်လပ်မှုနှင့် ဒီမိုကရေစီ လိုလားတောင့်တမှုတို့ကို ဖော်ပြသော၊ တော်လှန်ရေး၏ ယာဉ်ရထားတစင်းဖြစ်ပြီး တော်လှန်ရေးပန်းတိုင်သို့ မရောက်မခြင်း ပြည်သူနဲ့ အတူရှိနေမည် ဖြစ်ပါသည်။