Making drinking water safe in an emergency

ဖြစ်နိုင်လျှင် သောက်သုံးရန်၊ ချက်ပြုတ်ရန်နှင့် သွားတိုက်ရန်အတွက် ရေသန့်ဘူးကို အသုံးပြုပါ။ ရေသန့်ဘူးများ မရရှိနိုင်ပါက ရေကို သန့်ရှင်းစေရန် အောက်ပါနည်းလမ်းများထဲမှ တစ်ခုကို ရွေးချယ်ပါ။
💧 ရေကို ကျိုချက်ခြင်း (Boil)
ဤနည်းလမ်းသည် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် ကပ်ပါးပိုးများကို သေစေနိုင်ပါသည်။
ရေကို ဆူပွက်အောင် ကျိုချက်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။
– ရေကို ၁ မိနစ်ခန့် ပွက်ပွက်ဆူအောင် တည်ပါ။
– အမြင့်ပေ ၆၅၀၀ အထက်ရှိ ဒေသများ ဖြစ်လျှင် ၃ မိနစ်ခန့် ပွက်ပွက်ဆူအောင် တည်ပါ။ ထို့နောက် အအေးခံပြီးမှ သောက်သုံးပါ။
——————-
💧 ပိုးသတ်သန့်စင်ခြင်း (Disinfect)
ဤနည်းလမ်းသည် ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားပိုး အများစုကို သေစေနိုင်ပါသည်။
– ရေ ၁ ဂါလံ အတွက် ၅% မှ ၉% ပြင်းအားရှိသော အနံ့မပါသည့် အိမ်သုံးအရောင်ချွတ် ဆေးရည် (Household bleach) ၈ စက် (သို့မဟုတ်) လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ ထက်နည်းသော ပမာဏကို ထည့်ပါ။
– ရေနောက်လျှင် ၁၆ စက် သို့မဟုတ် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ ကို အသုံးပြုပါ။
– အိမ်သုံး အရောင်ချွတ်ဆေး မရှိပါက ကလိုရင်းဆေးပြား သို့မဟုတ် အိုင်အိုဒင်းကို ဆေးညွှန်း (Label instructions) နှင့်အညီ အသုံးပြုနိုင်သည်။
– ရေထဲသို့ အရောင်ချွတ်ဆေးထည့်ပြီး ရောမွှေပါ။ ဖျော်စပ်ပြီး အနည်းဆုံး နာရီဝက်ကြာအောင် စောင့်ဆိုင်းပြီးမှ သောက်သုံးပါ။
——————-
💧 စစ်ထုတ်ခြင်း (Filter)
ဤနည်းလမ်းသည် ကပ်ပါးကောင် (Parasite) များကို ဖယ်ရှားပေးနိုင်ပါသည်။
– သယ်ဆောင်ရလွယ်ကူသော ရေစစ် (Portable water filter) အများစုသည် ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးများကို မဖယ်ရှားပေးနိုင်ပါ။
– ကပ်ပါးပိုးများကို ဖယ်ရှားနိုင်ရန် ထုတ်လုပ်ထားသော ရေစစ်များကို ရွေးချယ်ပြီး ထုတ်လုပ်သူ၏ ညွှန်ကြားချက်အတိုင်း လိုက်နာအသုံးပြုပါ။
– စစ်ထုတ်ထားသော ရေကို သောက်သုံးနိုင်ရန်အတွက် အခြားနည်းလမ်းများ (ကျိုချက်ခြင်း သို့မဟုတ် ပိုးသတ်သန့်စင်ခြင်း) ထပ်လောင်းပြုလုပ်ရန်လည်း လိုအပ်နိုင်ပါသည်။
(အန္တရာယ်ရှိသော ဓာတုပစ္စည်းများ သို့မဟုတ် အဆိပ်အတောက်များဖြင့် ညစ်ညမ်းနေသော ရေကို ပွက်ပွက်ဆူအောင် ကျိုချက်ခြင်း၊ ပိုးသတ်သန့်စင်ခြင်း သို့မဟုတ် စစ်ထုတ်ခြင်းဖြင့် ဘေးကင်းအောင် ပြုလုပ်၍ မရပါ။)
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top