၁၈ ဧပြီ ၂၀၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ် တို့သည် ယနေ့ ၂၀၂၅ ခုနှစ် ဧပြီလ ၁၈ ရက် နံနက်ပိုင်းတွင် Teleconference မှ တဆင့် တွေ့ဆုံမှု ပြုလုပ်ခဲ့သည်။
အဆိုပါတွေ့ဆုံမှုတွင် အာဆီယံ ဥက္ကဋ္ဌ နှင့်တကွ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ဆက်သွယ်ဆောင်ရွက်နိုင်ရေး အပါအဝင် မြန်မာပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ ထိရောက်စွာ ပေးပို့ ဖြန့်ဝေနိုင်ရေး တို့နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
