မြန်မာနိုင်ငံ
၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာတွမ်အင်ဒရူးစ်နှင့် အပြန်အလှန်တွေ့ဆုံဆွေးနွေးမှု အပြင် လူ့အခွင့်အရေးကောင်စီသို့ အထူးကိုယ်စားလှယ်၏ အစီရင်ခံစာကို ကြိုဆိုပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရက ကိုယ်စားပြုထားသည့်အတိုင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် အထူးကိုယ်စားလှယ်ကို ကျေးဇူးအထူးတင်ရှိလျက် ၎င်း၏ခန့်အပ် တာဝန်ပေးမှုအား ဆက်လက်တိုးချဲ့ရန် အပြည့်အဝထောက်ခံပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရက ကိုယ်စားပြုထားသည့်အတိုင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် နိုင်ငံတကာအသိုက်အဝန်း၏ အသစ်ပြန်လည် ပြင်ဆင်ထားသော၊ ခိုင်မာပြတ်သားမှုရှိသော ချဉ်းကပ်မှုတစ်ခုဖော်ထုတ်ရန် အထူးကိုယ်စားလှယ်၏ တွန်းအားပေး တောင်းဆိုမှုကို အပြည့်အဝ ထောက်ခံပါသည်။ ၎င်းတို့အနက် အထူးကိုယ်စားလှယ်၏ အောက်ပါ တောင်းဆိုမှု များကိုလည်း ထောက်ခံပါသည် –
၁။ အကြမ်းဖက်စစ်အုပ်စု၏ “လူသတ်ပွဲကို လက်နက်နှင့် ဝင်ငွေကို ငြင်းပယ်ခြင်းဖြင့်” ချက်ချင်းရပ်တန့်စေရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ချက်ချင်းဆောင်ရွက်ရန်၊ အဆိုပါ လုပ်ဆောင်ချက်ကို အားဖြည့်ရန်အတွက် အဖွဲ့ဝင်မဟာမိတ်နိုင်ငံတွေ အနေနဲ့ “စစ်အစိုးရကို သီးခြားခွဲထုတ်ပြီး မြန်မာပြည်သူလူထုကို ကာကွယ်နိုင်ရန် အတွက် ညှိနှိုင်းမှုရှိသည့် ပစ်မှတ်ထားဒဏ်ခတ်အရေးယူမှု မဟာဗျူဟာကို ချမှတ် သင့်သည်။”
၂။ ပဋိပက္ခဖြစ်ပွားနေသော ဒေသများတွင် အရေးတကြီး လိုအပ်နေသူများနှင့် အကူအညီရရှိမှု မရှိသလောက် နည်းပါးနေသည့် ဒေသများသို့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ “လျင်မြန်ထိရောက်စွာ” ပေးပို့နိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် အရပ်ဘက်လူထု အဖွဲ့အစည်းများပါဝင်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီ မဟာဗျူဟာ ဆိုင်ရာအသစ်၊
၃။ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်ရန်နှင့် တာဝန်ခံမှု ရှိစေရန်အတွက် အဖွဲ့ဝင် နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံရဲ့အခြေအနေကို ရောမသဘောတူစာချုပ်၊ ပုဒ်မ (၁၄) အရ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးသို့ တရားရုံး၏ တရားစွဲအရာရှိမှတဆင့် ပေးပို့ပြီး ၎င်းအနေဖြင့် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တောင်းဆိုခြင်း
၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုမှတဆင့် မြန်မာ နိုင်ငံ၏ အသွင်ကူးပြောင်းရေးတွင် ပိုမိုတိုးမြှင့်ပံ့ပိုးကူရန်၊ အထူးကိုယ်စားလှယ်၏ ပြောကြားချက်တွင် “ငြိမ်းချမ်းရေးလမ်းစဉ်အဖြစ် လူ့အခွင့်အရေး၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုကို ကတိက ဝတ်ပြုမှုများကို အာမခံသည့်မြန်မာနိုင်ငံ၏ စုံလင်ကွဲပြားသော ပြည်သူလူထုကို လွှမ်းခြုံကိုယ်စားပြုနိုင်သော နိုင်ငံရေးမူဘောင်ကို တည်ဆောက် ကြသူများကို” ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ထောက်ခံသင့်သည်ဟု ဖော်ပြခဲ့သည်။
�In the Special Rapporteur\’s words, UN Member States should support \”those who are building a political framework that enfranchises Myanmar\’s rich and diverse population while affirming human rights, equality and justice as the pathway to peace\”.
အထူးကိုယ်စားလှယ်က ၎င်း၏ တာဝန်အပေါ်တွင်လည်းကောင်း၊ မြန်မာပြည်သူလူထု အပေါ်တွင်လည်းကောင်း မရပ်မနား အားထုတ်ကြိုးပမ်းလျက်ရှိသည်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် ကျေးဇူးတင်ရှိကြောင်း ထပ်လောင်းမှတ်တမ်းတင်အပ်ပါသည်။

