အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါ်ဇင်မာအောင် မဲလ်ဘုန်းမြို့နှင့် ကင်ဘာရာမြို့ရှိ မြန်မာမိသားစုများအား တွေ့ဆုံ

(၂၀၂၄ခုနှစ်၊ ဇူလိုင်လ၊ ၁ ရက်)
အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါ်ဇင်မာအောင်သည် မဲလ်ဘုန်းမြို့နှင့် ကင်ဘာရာမြို့ရှိ တိုင်းရင်းသားအဖွဲ့အစည်းများ၏ ခေါင်းဆောင်များ၊ သြစတြေးလျအဖွဲ့အစည်းများ၊ မြန်မာမိသားစုများနှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဆောင်ရွက်မှုများ၊ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေနှင့်တိုးတက်မှုများ၊ နိုင်ငံတကာမိသားစုများနှင့် ပူးပေါင်းလုပ်ဆောင်နေမှုများနှင့်ပတ်သက်ပြီး ရှင်းလင်းဆွေး‌နွေးမှုများ ပြုလုပ်ခဲ့ပါသည်။
ဇွန်လ ၂၈ ရက်နေ့တွင် ပြည်ထောင်စု၀န်ကြီးသည် မဲလ်ဘုန်းမြို့Oakleigh Town hall၌ မဲလ်ဘုန်းမြို့၊ မြန်မာမိသားစုများနှင့်လည်းကောင်း၊ ဇွန်လ ၃၀ ရက်နေ့တွင် ကင်ဘာရာမြို့All Saints Church၌ ကင်ဘာရာမြို့၊မြန်မာမိသားစုများနှင့်လည်းကောင်း တွေ့ဆုံခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က အမျိုးသားညီညွတ်ရေးအစိုးရ၏ ဖက်ဒရယ်ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးကြိုးပမ်းမှုများကို ဆွေးနွေးခဲ့ပြီး သံတမန်ရေးရာ ဆောင်ရွက်မှုများ၊ တိုးတက်မှုများနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါသည်။ တက်ရောက်လာသူများနှင့် ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။
National Unity Government
Ministry of Foreign Affairs
Scroll to Top