အကြမ်းဖက်စစ်အုပ်စုအနေနဲ့ လေကြောင်းအသုံးပြုပြီး အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေကို အချိန်နဲ့အမျှ တပြေးညီလေ့လာ ကိုးကားအသုံးပြုနိုင်ဖို့ Aerial Attacks by Military Junta Data Dashboard ကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထပ်မံထုတ် ပြန်လိုက်ပါပြီ။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကို ပေးပို့တိုင်ကြားလာတဲ့အချက်တွေနဲ့ စနစ်တကျကောက်ယူ စုဆောင်းထားတဲ့အချက်တွေကို အခြေခံပြီး ကိန်းဂဏန်းတွေကို သုတေသနပြုလုပ် ဖော်ပြထားပါတယ်။
ဒီ Dashboard မှာ အကြမ်းဖက်စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးအရေအတွက် ဖော်ပြချက်(Deaths)၊ ဒဏ်ရာရအရေအတွက်ဖော်ပြချက် (Injured People)၊ နဲ့ ပျက်စီးဆုံးရှုံးတဲ့ အဆောက်ဦ(ဘာသာရေး၊ကျန်းမာရေး၊ကျောင်း)များ(Destructed Buildings) တို့ပါဝင်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး နေရာဒေသအလိုက်၊ အသက်အပိုင်းအခြားအလိုက်၊ ကျား/မ အလိုက် တွေ့နိုင်မှာဖြစ်ပါတယ်။ နှစ်အလိုက် သိရှိလိုတဲ့ အချက်အလက်များကိုလည်း ရွေးချယ်ပြီး (filter စစ်ပြီး) ရယူနိုင်ပါတယ်။
လက်ရှိ Dashboard ကိုကြည့်မယ်ဆိုရင် အခုအချိန်ထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း (၂၅၈၅) ခု ရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။
Dashboard မှာဖော်ပြထားတဲ့အချက်အလက်တွေဟာ ၂၀၂၃ ခုနှစ် ကနေ ၂၀၂၅ ခုနှစ် ဧပြီလအထိ ကောက်ယူရရှိထားတဲ့အချက်အလက်တွေဖြစ်ပြီး လစဉ်ပထမပတ်အတွင်း ထပ်တိုးရရှိတဲ့ အချက်အလက် တွေကို အောက်ပါ website link ကနေ update ပြုလုပ် ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။
The data displayed on the dashboard covers the period from 2023 to April 2025. Additional data will be updated and published on the website during the first week of each month.
Website Link:
(Note: A VPN is required to access local servers.)