အကြမ်းဖက်စစ်အုပ်စုက ထုတ်ပြန်ခဲ့သော စစ်မှုထမ်းဥပဒေ အသုံးချ၍ လူ့အခွင့်အရေး ချိုးဖောက်မှုများကို သတင်းပေးပို့တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ချက်

ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသုံးပြုလျက် လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်မှုများကို မှတ်တမ်းတင်၍ စစ်ရာဇဝတ်မှုကျုးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ရန်၊ လိုအပ်သည့် နောက်ဆက်တွဲ ကာကွယ်မှုများ၊ ကူညီ ပံ့ပိုးမှုများပေးအပ်နိုင်ရန် ကြေညာချက် အား အောက်ပါ အတိုင်းထုတ်ပြန်အပ်ပါသည်။

ချိုးဖောက်မှုများအား တိုင်ကြားနိုင်ရန် နည်းလည်းများအနေဖြင့် အင်တာနက်စာမျက်နှာ https://mohr.nugmyanmar.org/forced-military-service-call/ ကို ဖွင့်လှစ်ထားရှိ၍ လည်းကောင်း၊ link မှတဆင့် တိုင်ကြားရန် အခက်အခဲရှိသော ပြည်သူများအနေဖြင့် အောက်တွင် ပူးတွဲပါရှိသော နမူနာ တိုင်ကြားစာပါ အချက်အလက်များကို ဖြည့်စွက်၍ ဝန်ကြီးဌာန social media channel များ မှတဆင့်လည်းကောင်း တိုင်ကြားမှု လွယ်ကူ အဆင်ပြေစေရန် ပြင်ဆင်ထားရှိပါသည်။

တန်းတူညီမျှရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကို ဦးတည်လျက်

Ministry of Human Rights

National Unity Government

Scroll to Top