အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနမှ (၂၈.၄.၂ဝ၂၅) ရက်နေ့အထိ EOCC ၏ ခွင့်ပြုချက်ဖြင့် စစ်ကိုင်းတိုင်း မြေပြင်အုပ်ချုပ်ရေးအဖွဲ့ထံ တိုက်ရိုက်ထောက်ပံ့ထားသော ကျပ် (၅,၉၉၂) သိန်း အပါအဝင်၊ ပြည်သူက လှူဒါန်းထားသော အလှူငွေများထဲမှ ဌာနက တိုက်ရိုက်ထောက်ပံ့ထားသော ကျပ် (၂၆,၂၂၃) သိန်းနှင့် CSOs/CBOs များကတဆင့် ချိတ်ဆက်ပြီး ငလျင်ဘေးသင့်ဒေသများရှိ တိုင်း/ပြည်နယ်အလိုက် ထောက်ပံ့မှု စာရင်းမှတ်တမ်း ကိုတင်ပြအပ်ပါတယ်။
“ထောက်ပံ့ကူညီမှုများကို ဒုက္ခခံစားနေကြရသော ပြည်သူများထံနေရာဒေသ မခွဲခြားဘဲ ရောက်ရှိအောင် ဆက်လက်ကြိုးစား ဆောင်ရွက်နေပါတယ်။ အစောပိုင်းကာလ ပြန်လည်ထူထောင်မှုအချို့ စတင်နေပါပြီ။ ပြည်သူ့အားဖြင့် အကောင်းဆုံး အကောင်အထည်ဖေါ် သွားပါမယ်။”






