၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း မိုးလေဝသ အထူးသတိပေးချက်ကို လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန က ထုတ်ပြန်လိုက်သည်။

စက်တင်ဘာ ၁၃ ရက်နေ့တွင် ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းတို့ရှိ နေရာအချို့တွင် တနေ့တာ အတွင်း မိုးရေချိန် စုစုပေါင်း ၈ လက်မ မှ ၁၀ လက်မ အထိ ရွာသွန်းနိုင်ပါသည်။ ရခိုင်ပြည်နယ် နှင့် ပဲခူးတိုင်းတို့တွင် မိုးကြီးခြင်းနှင့်အတူ မြို့ပြရေကြီးခြင်း ၊ လျှပ်တပျက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများကို အထူးသတိထားသင့်ပါသည်။
စက်တင်ဘာ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မကွေးတိုင်း ၊ ပဲခူးတိုင်း နှင့် ရန်ကုန်တိုင်းတို့ တွင် မိုးကြီးခြင်းနှင့်အတူ မြို့ပြရေကြီးခြင်း ၊ လျှပ်တပျက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ကို အထူးသတိထားသင့်ပါသည်။
စက်တင်ဘာ ၁၅ ရက်နေ့တွင် ရခိုင်ပြည် ၊ ချင်းပြည်နယ် ၊ မကွေးတိုင်း ၊ မန္တလေးတိုင်း အောက်ပိုင်း ၊ ပဲခူးတိုင်း နှင့် ကရင်ပြည်နယ်တို့တွင် မိုးကြီးခြင်းနှင့်အတူ မြို့ပြရေကြီးခြင်း ၊ လျှပ်တပျက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ကို အထူးသတိထားသင့်ပါသည်။
Scroll to Top