ပြည်ထောင်စုဝန်ကြီးချုပ် နဲ့ ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများက ရန်ကုန်တပ်ရင်းများ၊ ရန်ကုန်ပကဖ တွေနဲ့ တွေ့ဆုံပြီး အားပေးစကားပြောကြား

ဇန်နဝါရီ ၁ ၊ ၂၀၂၅
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ဝန်ကြီးချုပ်ရုံးတာဝန်ရှိ သူများက ရန်ကုန်တပ်ရင်းများဖြစ်သည့် တပ်ရင်း(၅၁၀၁)၊ တပ်ရင်း(၅၁၀၂) နှင့်ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တိုက်ခိုက်ရေးတပ်ဖွဲ့ (၄) တို့နှင့်တွေ့ဆုံပြီး အားပေးစကားများပြောကြားကာ လိုအပ်သော အသုံးအဆောင်ပစ္စည်းများကို ပေးအပ်ခဲ့သည်။
အဆိုပါတွေ့ဆုံမှု ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အတူ အလုပ်သမားရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ၊ ပြည်ထောင်စုဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ကိုနောင်ရိုး၊ ဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ၊ ဝန်ကြီးချုပ်ရုံးပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ အမျိုးသားညီညွတ် ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုစစ်ရေးချုပ် ဒေါက်တာယင်းမာ၊ တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး(၂) ရဲဘော်စောရှား၊ ရန်ကုန်ပကဖတာဝန် ခံ၊ မွန်ပကဖတာဝန်ခံ တို့လည်း လိုက်ပါခဲ့ကြသည်ဟု သတင်းရရှိပါသည်။
အဆိုပါ တပ်ရင်းတပ်ဖွဲ့များဟာ ရန်ကုန်ကို ဦးတည်တဲ့ စစ်ရေးဖော်ဆောင်မှုများမှာ အဓိကကျတဲ့အခန်းကဏ္ဍများမှာ ပါဝင်ဆောင်ရွက်ကြမယ့် တပ်ရင်းတပ်ဖွဲ့များဖြစ်ပါတယ်။
Scroll to Top