၂၀၂၄ ခုနှစ်၊ (ဇန်နဝါရီ ၁ မှ ဒီဇင်ဘာ ၃၁ အထိ) တစ်နှစ်တာကာလအတွင်း ဝန်ကြီးဌာနအနေဖြင့် ပြည်သူထံ လက်ဝယ်အရောက် ကူညီထောက်ပံ့ထားမှုများ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၆
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ မှ ဒီဇင်ဘာလ ၃၁ အထိ (တစ်နှစ်တာအတွင်း) တော်လှန်ပြည်သူများ၏ ပြည်သူမှပြည်သူသို့ ထောက်ပံ့ လှူဒါန်းထားသည့် (၇.၇) ဘီလီယံကျပ်ကို ဒေသအလိုက် အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ လက်ဝယ်အရောက် ထောက်ပံ့မှုများ ပေးအပ်ခဲ့ပါကြောင်း
အစိုးရနှင့်ပြည်သူအကြား အချင်းချင်း အားပေးအားယူ ပြုနိုင်ရန်အတွက် တင်ပြအပ်ပါသည်။
(၇.၇) ဘီလီယံကျပ်ကို အသုံးပြုခဲ့သည့်ကဏ္ဍရပ်များမှာ-
၁) နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ/စစ်ဘေးရှောင်ပြည်သူ အတွက် ငွေကျပ် (၅,၀၇၃) သန်း
၂) ပြည်သူများအတွက် စားနပ်ရိက္ခာ ကြိုတင်စီစဉ်မှု ငွေကျပ် (၃၀) သန်း
၃) CDM ဝန်ထမ်းများအတွက် အရေးပေါ် လူသားချင်း
စာနာမှုအကူအညီအဖြစ် ငွေကျပ် (၈၀.၃) သန်း
၄) နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့မိသားစုဝင်များအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၄၆) သန်း
၅) ထိတွေ့တိုက်ပွဲများ၌ ကျဆုံးခဲ့ရသည့် သူရဲကောင်းပြည်သူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများ အတွက် ငွေကျပ် (၄၄၅) သန်း
၆) သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူများအတွက် ငွေကျပ် (၁,၂၉၅) သန်း
၇) ထိခိုက်လွယ် ပြည်သူများနှင့် ၎င်းတို့၏ မိသားစုများ ငွေကျပ် (၄.၅) သန်း
၈) အထွေထွေ လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၆၉၁) သန်း
ဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် တစ်နှစ်တာကာလ အတွင်း ကဏ္ဍအလိုက်/ ဒေသအလိုက် ပံ့ပိုးပေးနိုင်ခဲ့မှု အခြေအနေများကို အစီရင်ခံတင်ပြရင်း တော်လှန်ရေးကာလ (၄) နှစ်တာကာလအတွင်း တော်လှန်ရေး အလျင်အမြန်အောင်မြင်နိုင်ရေးကို ရှေးရှုပြီး ဘက်ပေါင်းစုံ အကြပ်အတည်းများကြားမှ ကြံ့ကြံ့ခံကာ စဥ်ဆက်မပြတ်ပါဝင်တော်လှန်နေကြသည့် ပြည်သူတစ်ဦးချင်းစီတိုင်း၏ လုပ်ဆောင်ချက်များ၊ ထားရှိသည့်စိတ်ဓါတ်များကို လေးစားဂုဏ်ယူလျက်ရှိပါကြောင်းနှင့် ရှေ့ဆက်၍လည်း ယခုလို မလျော့သောဇွဲဖြင့် စစ်အာဏာရှင် စနစ်ကို အပြီးတိုင်ချေမှုန်းရာတွင် ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက် စေ‌လိုပါကြောင်း တိုက်တွန်းအပ်ပါသည်။
 
Scroll to Top