ရက်စွဲ။ ၂၉ ရက် ဇန်နဝါရီလ ၂၀၂၅ ခုနှစ်
ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC) အတွင်းရေးမှူးအဖွဲ့နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တို့သည် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၂၉)ရက်နေ့၊(၁၄း၀၀)နာရီအချိန်တွင် Zoom Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးပွဲတွင် FSCC အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း၊ တွဲဖက်အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်တို့အပါအဝင် အတွင်းရေးမှူးအဖွဲဝင်များ ပါဝင်တက်ရောက်ခဲ့ကြပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် ယူနစ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းမှ နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ပြီးနောက်
တွဲဖက်အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်နယ်/ဖက်ဒရယ်ယူနစ်များအတွက် တော်လှန်ရေးကာလ(သို့မဟုတ်)အသွင်ကူးပြောင်းရေးကာလ အစီအမံ/ ဖွဲ့စည်းပုံအခြေဥပဒေနှင့် စပ်လျဉ်းသော သဘောထားများကိုဆွေးနွေးခဲ့ပါသည်။

ထို့နောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ တာဝန်ရှိ လွှတ်တော်ကိုယ်စားလှယ်များမှလည်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) အပေါ်တွင် လက်ရှိဆောင်ရွက်နေမှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို မျှဝေ ဆွေးနွေးခဲ့ပါသည်။ FSCC တာဝန်ရှိပုဂ္ဂိုလ်များကလည်း ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ အမြင်သဘောထားများကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြပြီး အစည်းအဝေးအား (၁၅း၁၀)နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်