၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၉) ရက်နေ့
၁။ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒ (FDEP) ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ၂၀၂၃ မေလ ၈ ရက်နေ့တွင် အတည်ပြု ကြေညာခဲ့သည့်အပေါ် အားရဝမ်းသာရှိခဲ့ပါသည်။
၂။ ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒကို အကောင်အထည်ဖေါ်ရန် ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ ဖွဲ့စည်းပေါ်ပေါက်လာရေးအတွက် တိုင်းရင်းသား ညီနောင်မောင်နှမ နိုင်ငံရေးအင်အားစုများနှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများအားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ၂၀၂၄ ဇွန်လ ၁၄ ရက်နေ့ တွင် တိုက်တွန်း နှိုးဆော်လွှာထုတ်ပြန်ခဲ့ပါသည်။
၃။ ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ(iFEC) ကို ၂၀၂၄ ဒီဇင်ဘာလ ၃ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန၊ ပြည်နယ်/ဖက်ဒရယ်ယူနစ် . ပညာရေးဌာနများ၊ တိုင်းရင်းသားအခြေပြု.. ပညာရေးဌာနများ၊ ဆရာသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများနှင့် ပညာရေးဆိုင်ရာ ပညာရှင်များ ပါဝင်ဖွဲ့စည်းလိုက်သည့်အတွက် ဝမ်းမြောက်ဝမ်းသာကြိုဆိုပါသည်။
၄။ ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ (iFEC) အနေဖြင့် ယခုကာလမှစ၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာသည်အထိ ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်ကို ပြည်ထောင်စုတဝှမ်း ကျင့်သုံးနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ဒူဝါလရှီးလ
နိုင်ငံတော်ယာယီသမ္မတ
အမျိုးသားညီညွတ်ရေးအစိုးရ