ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
၂၀၂၅ ခုနှစ်၊ ဧပြီလ ၄ ရက်
NUG public affairs hotline က ငလျင်ဘေးသင့်ပြည်သူများအတွက် အောက်ပါဝန်ဆောင်မှုများကို နေ့စဉ် နံနက် ၁၀ နာရီမှ ည ၁၀ နာရီအထိဆောင်ရွက်ပေးနေပြီဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်။
၁။ ပြည်တွင်း/ပြည်ပ၊ ရပ်ဝေး/ရပ်နီးတွင် ရောက်ရှိနေပြီး ငလျင်ဒဏ်ကြောင့် မိသားစုနှင့် အဆက်သွယ်ပြတ်တောက် နေသူများအား အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေများအတွင်းဖြစ်ပါက မိသားစု၏ အခြေအနေကို စုံစမ်းပေးခြင်း
၂။ ငလျင်ဘေးအတွက် လှူဒါန်းနိုင်မည့် ယုံကြည်စိတ်ချရသော အဖွဲ့အစည်းများထံ လမ်းညွှန်ပေးခြင်းနှင့် ချိတ်ဆက်ပေးခြင်း
၃။ငလျင်ဘေးဒဏ်ကြောင့် ကြုံတွေနေရသော အခက်ခဲများနှင့် လိုအပ်ချက်များအား သတင်းပို့နိုင်ခြင်းနှင့် ရရှိနိုင်သော အကူညီများသို့ လမ်းညွှန်ချိတ်ဆက်ပေးခြင်း (ကျန်းမာရေး၊ နေထိုင်စားသောက်ရေး၊ ကယ်ဆယ်ရေး)
၄။ ယခု ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် အပေါင်းအပါများ၏ အကျင့်ပျက်ခြစားမှုများနှင့် မတရားဖိနှိပ်မှုများရှိပါက ဖြစ်စဉ်အပြည့်အစုံကို အထောက်ထားများနှင့် သတင်းပေးပို့နိုင်ခြင်း စသည်တို့ကို ကူညီဆောင်ရွက်သွားမည်ဖြစ်ပါသည်။
**Hotline အချိန်ပြင်ပဖြစ်ပါက ပြည်သူ့ရင်ခွင် သို့လည်း (၂၄) နာရီလာရောက်ဆက်သွယ်နိုင်ကြောင်း အသိပေးအပ်ပါသည်။**
NUG Public Affairs Hotline – t.me/nugpublicaffairsbot
ပြည်သူ့ရင်ခွင် – t.me/MyanmarPeople