သြဂုတ် ၆ ၊ ၂၀၂၄
ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်းခရိုင်၊ မဟာချိုင်မြို့ရှိ စက္ကူစက်ရုံပိတ်သိမ်းမှုကြောင့် အလုပ်လက်မဲ့ဖြစ်ကာ အခက်အခဲများကြုံတွေ့နေရသော ရွေ့ပြောင်းအလုပ်သမား (၃၈၀) ဦးခန့်အား နစ်နာကြေးအဖြစ် ဘတ် (၁၈) သန်းကျော်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့။
ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်းခရိုင်၊ မဟာချိုင်မြို့ရှိ စက္ကူစက်ရုံမှ ဇူလိုင်လ ဒုတိယပတ်တွင် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ စက်ရုံပိတ်သိမ်းကြောင်းကို စကားပြန်မှတစ်ဆင့် အလုပ်သမားများအားပြောကြားစေခဲ့ရာ မြန်မာအလုပ်သမား ၃၀၀ ကျော် အပါအဝင် စုစုပေါင်း ရွေ့ပြောင်းအလုပ်သမား ၃၈၀ ဦးခန့်သည် အလုပ်လက်မဲ့ဖြစ်ကာ အခက်အခဲများနှင့် ကြုံတွေ့လျက်ရှိရာ (M.H.A.C) မဟာမိတ်အဖွဲ့သို့ အကူအညီတောင်းခံခဲ့ပြီး အမျိုးသား ညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ LPN ဖောင်ဒေးရှင်းနှင့်အတူ ထိုင်းနိုင်ငံဥပဒေနှင့်အညီ နစ်နာကြေးများရရှိအောင် ကူညီဆောင်ရွက်ပေးခဲ့ရာ (၄.၈.၂၀၂၄) ရက်နေ့တွင် အလုပ်သမားများ(၃၈၀)ဦးအတွက် နစ်နာကြေး ဘတ် (၁၈)သန်းကျော်ကို အလုပ်ရှင်က သဘောတူပေးချေခဲ့သည့်အပြင် အလုပ်သမားများ အလုပ်ရှာနေချိန်တွင် လူမှုဖူလုံရေးကြေး (၂) လစာရရှိရန်လည်း လူမှုဖူလုံရေးရုံးသို့ တင်ပြတောင်းခံပေးထားပြီး ဖြစ်သဖြင့် အလုပ်သမားများအနေဖြင့် အလုပ်ရှာနေစဉ်ကာလအတွင်း ထောက်ပံ့ကြေးငွေ များလည်း ရရှိမည်ဖြစ်သလို အလုပ်ပြောင်းရွှေ့ခွင့် (ဘိုက်ကျန့်အော့) လည်း ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။




