ဇူလိုင်လအတွင်းရေဘေးသင့်ပြည်သူ ငါးသိန်း နီးပါးကို အမျိုးသားညီညွတ်ရေးအစိုးရက ကူညီထောက်ပံ့

ဩဂုတ် ၃ ၊ ၂၀၂၄
အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေက ဇူလိုင်လအတွင်း ရေဘေးသင့်ပြည်သူ ငါသိန်း နီးပါးကို ထောက်ပံ့ကူညီမှုတွေပြုလုပ်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက”လတ်တလော ဒီကာလမှာ စစ်ရှောင်တွေ အပြင်ကို ရေဘေးဒဏ်ခံရတဲ့ လူတွေပေါ့ အားလုံးပေါင်း တစ်လအတွင်း ဇွန်လအကုန်ကနေပြီးတော့ သြဂုတ်လဆန်းအထိပေါ့ ရေဘေးသင့်ပြည်သူ၊ စစ်‌ရှောင်တွေအပါအဝင်ပေါ့၊ စစ်ရှောင်တွေ ရေဘေးဒဏ်ခံရတာလည်းပါတယ်ပေါ့၊ အားလုံးပေါင်း ဆိုရင် လူဦးရေ(၅) သိန်းနီးပါကို ကျနော်တို့ ဝန်ကြီးဌာနက ဒီတစ်လ အတွင်းမှာ ကူညီ ခဲ့ပြီးဖြစ်တယ်၊ရေဘေးဒဏ်ခံရတယ်ဆိုတာ တစ်နိုင်ငံလုံးမှာ ခံရတာ၊ ကျနော်တို့ စိုးမိုးနယ်မြေတွေ ရှိတယ်၊ ကျနော်တို့ မစိုးမိုးသေးတဲ့ နယ်မြေလည်းရှိတယ်၊ ကျနော်တို့ တစ်ခုမှ မချန်ဘူး၊ စိုးမိုးချင်း မရှိတဲ့ နယ်မြေတွေမှာကော၊ စိုးမိုးတဲ့နယ်မြေတွေမှာကော နှစ်ခုလုံးမှာ ရှိတဲ့ ရေဘေးဒဏ်ခံရတဲ့ ပြည်သူတွေကို ကူညီခဲ့ပါသည် ” ဟု သတင်းစကားပါး ပြောကြားပါသည်။
ဤကဲ့သို့ကူညီထောက်ပံ့ရာတွင် စိုးမိုးနယ်မြေမှာ ဒေသတွင်း တာဝန်ရှိ အဖွဲ့အစည်းတွေ နဲ့ ချိတ် ဆက်ဆောင်ရွက်ခဲ့ပြီး၊ စိုးမိုးနယ်မြေမဟုတ်တဲ့ဒေသတွေများတွင် မူလ ချိတ်ဆက်ထားတဲ့ ကွန်ယက် များမှတဆင့် ထောက်ပံ့ကူညီခဲ့ပါသည်။
ဝန်ကြီးဌာနအနေဖြင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း ၊ပဲခူးတိုင်း ၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း ၊ ကချင်ပြည်နယ် ၊ ရခိုင်ပြည်နယ် ၊ ရှမ်းမြောက် နဲ့ ကရင်ပြည်နယ် တို့က မြို့နယ် ပေါင်း ၂၈ မြို့နယ်ရဲ့ ကျေးရွာပေါင်း ၅၀၀ ကျော်က ပြည်သူ ၅ သိန်းနီးပါးကို ထောက်ပံ့ကူညီခဲ့ပါသည်။
ထောက်ပံ့ကူညီမှုကို ပြည်သူမှ ပြည်သူသို့ အစီအစဉ် နဲ့ နိုင်ငံတကာကူညီထောက်ပံ့မှုတွေကနေ ပြီးခဲ့တဲ့ လကုန်အထိ ကျပ်သိန်းပေါင်း ၄၃၁၉ ထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top