On March 28, 2025, at 12:50 PM, the Sagaing earthquake with a magnitude of 7.7 struck Myanmar. The epicenter was about 10 kilometers below the surface, causing extensive damage and causing many deaths and injuries. On April 9, 2025, the United States Geological Survey (USGS) predicted that there was a 42% chance of an aftershock greater than magnitude 5 within the next week, which could cause damage. Up to 160 aftershocks of magnitude 3 or greater could occur within the next week. The frequency of aftershocks will decrease over time, but a strong aftershock could temporarily increase the number of aftershocks. The aftershock probability forecast is now available until April 16.

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ နေ့လယ် ၁၂:၅၀ အချိန်တွင် ရစ်ချ်တာစကေး ၇.၇ အင်အားရှိသော စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့သည်။ ငလျင်ဗဟိုချက်သည် မြေမျက်နှာပြင်အောက် ၁၀ ကီလိုမီတာခန့်တွင် လှုပ်ခတ်ခဲ့ခြင်းကြောင့် ထိခိုက်မှုကြီးမားပြီး လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများလည်းများပြားခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့၊ အမေရိကန်ဘူမိဆိုင်ရာသုတေသနအဖွဲ့ (USGS)၏ ခန့်မှန်းချက်များအရ လာမည့် တပတ်အတွင်း ရစ်ချ်တာစကေား ၅ ထက်ကြီးသော နောက်ဆက်တွဲငလျင် ဖြစ်ပေါ်နိုင်ခြေမှာ ၄၂% ရှိပြီး ၎င်းအင်အားသည် ထိခိုက်ပျက်စီးမှုများ ဖြစ်စေနိုင်ပါသည်။ နောက်တစ်ပတ်အတွင်း ရစ်ချ်တာစကေး ၃ နှင့်အထက်ရှိသော နောက်ဆက်တွဲ ငလျင်ငယ်များ (၁၆၀) ကြိမ်အထိ ဖြစ်ပေါ်နိုင်ပါသည်။ နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်မှုသည် အချိန်ကြာလာသည်နှင့်အမျှ လျော့နည်းလာမည်ဖြစ်သော်လည်း အင်အားများသည့် နောက်ဆက်တွဲ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါက နောက်ဆက်တွဲ ငလျင်ငယ်များ၏ အရေအတွက်ကို ယာယီအားဖြင့် တိုးပွားစေနိုင်ပါသည်။ လာမည့် ဧပြီလ (၁၆)ရက်နေ့အထိ နောက်ဆက်တွဲ ငလျင်ငယ်ဖြစ်ပေါ်နိုင်ခြေခန့်မှန်းချက်ကို ထုတ်ပြန်အပ်ပါသည်။

Scroll to Top