အရေးပေါ်ကယ်ဆယ်ရေးနောက်ကွယ်က လူကုန်ကူးမှုအန္တရာယ်ကို သတိထားစေချင်ပါတယ်…
မြန်မာလူမျိုးတို့ရဲ့ ပရဟိတစိတ်အခံအတိုင်း ငလျင်၊ ရေကြီးမှု၊ မီးလောင်မှု များနောက်မှာ လူထုရဲ့ ညီညွတ်မှု၊ စည်းလုံးမှုနဲ့ အချင်းချင်းရိုင်းပင်းကူညီတတ်ကြပါတယ်။ ဓလေ့ကောင်းလေးပါ…
အခုလည်း စစ်ကိုင်းပြတ်ရွေ့ ငလျင်ကြီးအပြီး မြန်မာနိုင်ငံအလယ်ပိုင်းတစ်ကြော ဆုံးရှုံးထိခိုက်မှုတွေများနေ၊ ကယ်ဆယ်ရေးလိုအပ်နေချိန်မှာ အထူးသဖြင့် လူငယ်တွေဟာ သွားရောက်ကူညီလိုစိတ်ပြင်းပြနေကြတာ မြင်တွေ့နေရပါတယ်….
အဲဒီအချိန်မှာ သတင်းမီဒီယာတွေ၊ လူမှုကွန်ယက်တွေပေါ်မှာ “Foreigner ကယ်ဆယ်ရေးသမားတွေအတွက် စကားပြန်လိုအပ်ပါတယ်”၊ “လူကယ်ထုတ်ဖို့ အကူအညီလိုပါတယ်”၊ “အစားအစာအတွက် အကူအညီလိုအပ်နေပါတယ်” စသည့် ယခု Facebook ပေါ်မှာ အကူအညီခေါ်သံများစွာတက်နေပါတယ်…
ဒါပေမယ့်… အဲဒီခေါ်သံတွေရဲ့နောက်မှာ လူကုန်ကူးမှု ဖြစ်နိုင်တဲ့အန္တရာယ်တစ်ခုလည်း ရှိနေပါတယ်။ သတိထားပါ။
ဒါတွေရဲ့ နောက်ကွယ်မှာ အစစ်အမှန်လား ကျားဖြန့်က မျှားခေါ်တာလားဆိုတာ မသိနိုင်ပါဘူး။ လက်ရှိ မြန်မာနိုင်ငံဟာ ကျားဖြန့် လူကုန်ကူးမှု အန္တရာယ်ဇုန်ပါ….
ဒီ ကရုဏာကြီးမားတဲ့ လူငယ်တွေရဲ့ ပရဟိတစိတ်ကို အသုံးချပြီး စကစ ပေါ်တာဆွဲတဲ့ အန္တရာယ်ကြောင့် အပြင်ထွက်နှုန်းနည်းတဲ့ လူငယ်တွေကိုခေါ်ထုတ်မယ်၊ မိသားစုမသိအောင် ထွက်လာခိုင်းပြီး တစ်နေရာရာမှာ လာရောက်တွေ့ဆုံခိုင်းမယ်…. ဒါမျိုးတွေကိုသတိထားဖို့လိုပါတယ်…
သတိထားဖို့အချက်တွေ
→ Myanmar Red Cross, Fire Services, Local CSOs (သဘာဝဘေးအရေးပေါ်ကူညီရေးအဖွဲ့များ)
→ Facebook စာမျက်နှာမှာ page verification ရှိ/မရှိကြည့်ပါ။
→ လိပ်စာ၊ ဖုန်းနံပါတ် စသည်ဖြင့် အချက်အလက်အတိအကျ မရှိရင် သံသယထားပါ။
→ လူကုန်ကူးမှုအတွက် target ဖြစ်နိုင်ပါတယ်။
ဘယ်လိုကူညီရမလဲ?
• ပညာပေး content တွေကို share လုပ်ပါ။
• သတင်းအချက်အလက် မှန်ကန်မှုကို စစ်ဆေးပါ။
• သံသယရှိတဲ့အခေါ်အဝေါ်တွေကို report လုပ်ပါ။
ပရဟိတစိတ်ထက်သန်တာကောင်းပါတယ်။ ဒါပေမယ့် သတိမထားရင် မိမိကိုယ်တိုင် ဒုက္ခရောက်နိုင်ပါတယ်။
ကျားဖြန့် လူကုန်ကူးမှုအန္တရာယ် သတိထားပါ။
