– ပျက်စီးနေသော အဆောက်အအုံများ၊ ဓာတ်အားလိုင်းများ၊ မီးကြိုးများနှင့် ယိုစိမ့်နေသော ဓာတ်ငွေ့နှင့် ရေပိုက်လိုင်းများကို ငလျင်လှုပ်ပြီးနောက် ကြုံတွေ့နိုင်ပါသည်။
– ငလျင်ဒဏ်ခံရပြီးနောက် အောက်ဖော်ပြပါ လမ်းညွှန်ချက်များကို လိုက်နာခြင်းအားဖြင့် သင်နှင့် သင်ချစ်ရသူများ ဘေးကင်းလုံခြုံမှု ရှိပါစေ။
ငလျင်လှုပ်ပြီးလျှင် ဘေးအန္တရာယ်ကင်းအောင် မည်သည်ကို လုပ်ရမည်ကို လေ့လာပြီး သင်နှင့် သင့်ချစ်ရသူများကို ကာကွယ်ပါ။
ပျက်စီးနေသော အဆောက်အဦများ၊ ဓာတ်အားလိုင်းများ၊ မီးကြိုးများ နှင့် ယိုစိမ့်နေသော ဓာတ်ငွေ့နှင့် ရေပိုက်လိုင်းများသည် ငလျင်လှုပ်ပြီးနောက် ကြုံတွေ့ရနိုင်သော အန္တရာယ်အနည်းငယ်မျှသာ ဖြစ်သည်။
– ငလျင်တစ်ခုကြုံတွေ့ပြီးလျှင် နောက်ဆက်တွဲ ငလျင်များ ဆက်ကြုံတွေ့နိုင်ပါသည်။ ပြင်းအားမြင့် ငလျင်များပြီးလျှင် နောက်ဆက်တွဲငလျင်ငယ်များလှုပ်ခြင်းကို ဆိုလိုသည်။ ဤနောက်ဆက်တွဲငလျင်များသည် မိနစ်၊ ရက်၊ သီတင်းပတ် (သို့မဟုတ်) လများခြားပြီး ဖြစ်ပွားနိုင်ပါသည်။
– နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုတစ်ခုကို ခံစားရပါက – ဝပ်ချပါ၊ အကာအကွယ်ယူပါ၊ မြဲမြံစွာ ဆုပ်ကိုင်ထားပါ (DROP, COVER, and HOLD ON)
– အချို့အခြေအနေများတွင် ငလျင်လှုပ်ပါက ကမ်းရိုးတန်းတစ်လျှောက်တွင် ဆူနာမီ ဖြစ်ပွားနိုင်ပါသည်။ ပြင်းထန်ငလျင်လှုပ်ပြီးနောက် မိနစ်ပိုင်းမှ နာရီပိုင်းအတွင်း ဖြစ်ပွားနိုင်ပါသည်။
– ဆူနာမီသတိပေးချက်ကို ကြားရပါက (သို့မဟုတ်) ဆူနာမီ ဖြစ်နိုင်သော လက္ခဏာများကို သတိပြုမိပါက ဘေးကင်းရာသို့ ချက်ချင်း ရွှေ့ပြောင်းပါ။ ကုန်းတွင်းပိုင်းနှင့် မြင့်မားရာနေရာများသို့ တတ်နိုင်သမျှ ရောက်ရှိနေပါ။ ဒေသခံ တာဝန်ရှိသူများ၏ ညွှန်ကြားချက်များကို လိုက်နာပါ။ ၎င်းတို့သည် သင် စီစဉ်ထားသည်နှင့် မတူညီသော အခြားလမ်းကြောင်းများကို ညွှန်ကြားနိုင်သည်။
– ဆူနာမီ ကြုံတွ့နေစဉ်အတွင်းနှင့် ဆူနာမီ ကြုံတွေ့ပြီးချိန်များအတွင် မည်ကဲ့သို့ ကြိုတင်ပြင်ဆင်ပုံနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ နေထိုင်နည်းများဆိုင်ရာ အချက်အလက်များကို ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များထံမှ ဝင်ရောက်ရှာဖွေလေ့လာပါ။
– သင့်ကို ဂရုစိုက်/အာရုံစိုက်လာအောင် ကြိုးစားပါ။ Text message ပို့ပါ။ (စာပို့ပါ။) နံရံ (သို့မဟုတ်) ပိုက်ကို ရိုက်နှက်၍ အသံပေးပါ။ (သို့မဟုတ်) သင့်ကို ကယ်ဆယ်ရေးများမှ ရှာဖွေနိုင်စေရန် ဝီစီမှုတ် အသံပြုပါ။
– ဖုန်မှုန့်များမှ ကာကွယ်ရန် ပါးစပ်၊ နှာခေါင်းနှင့် မျက်စိများကို ကာကွယ်ဖုံးအုပ်ထားပါ။
– ငလျင်လှုပ်နေစဉ်အတွင်းနှင့် ငလျင်လှုပ်ပြီးချိန်တွင် ထိခိုက်ဒဏ်ရာ ရနိုင်ခြေ မြင့်မားသည်။ ဒဏ်ရာ၊ အနာ သေးလေးများကို အနာကျက်မြန်စေရန်နှင့် ရောဂါပိုးဝင်ခြင်းမှ ကာကွယ်ရန် အရေးပေါ်ကုသမှု အမြန်ခံယူပါ။
– သင် ထိခိုက်ဒဏ်ရာမရှိကြောင်း သေချာ စစ်ဆေးပါ။ မရှိကြောင်းသေချာပြီး သင် တတ်နိုင်ပါက အခြားသူများကို ကူညီပါ။
– ဘက်ထရီဖြင့် အသုံးပြုရသော တီဗွီ၊ ရေဒီယို၊ လူမှုကွန်ယက်များနှင့် ဆဲလ်ဖုန်း စာတို သတိပေးချက်များမှ တစ်ဆင့် အရေးပေါ် သတင်းအချက်အလက်များနှင့် လမ်းညွှန်မှုများကို လက်ခံ နားစွင့်ပါ။
– ဖုန်းခေါ်ဆိုမှုကို အရေးပေါ်အခြေအနေအတွက် အသုံးပြုပြီး စာပို့စနစ်ကို ပိုမိုအသုံးပြုပါ။
– အိမ်နံရံများ၊ ကြမ်းပြင်များ၊ တံခါးများ၊ ပြတင်းပေါက်များနှင့် လှေကားများကို ပျက်စီးမှု ရှိ/မရှိ ဂရုတစိုက်စစ်ဆေးပါ။ ဖောင်ဒေးရှင်းတွင် အက်ကွဲကြောင်းများ သို့မဟုတ် ထုပ်တန်းများ ပျောက်ဆုံးနေသကဲ့သို့ တည်ဆောက်ပုံပျက်စီးမှုများကို တွေ့ရှိပါက အခြားဘေးကင်းသော နေရာ သို့မဟုတ် အမိုးအကာအောက်သို့ ပြောင်းရွှေ့ရန် လိုအပ်နိုင်သည်။
– ဂက်စ်၊ လျှပ်စစ်နှင့် ရေလိုင်းများကို ပျက်စီးမှုရှိ/မရှိ စစ်ဆေးပါ။ ဂက်စ်နံ့ ရလျှင် သို့မဟုတ် ကျိုးနေသည့်လိုင်းကိုတွေ့ပါက အဓိက မိန်းခလုတ်ကို အပြင်ဘက်မှ ပိတ်လိုက်ပါ။ (မှတ်ချက်- ဂတ်စ်လိုင်းကို ပိတ်ပါက ပြန်လည် တပ်ဆင်ခြင်းကို ကျွမ်းကျင်ပညာရှင်များဖြင့်သာ ပြုလုပ်ရပါမည်။)
– ဓာတ်ငွေ့ယိုစိမ့်မှု မရှိကြောင်း သေချာသည်အထိ မီးခြစ်များ၊ မီးမွှေးသည့် ကိရိယာများ သို့မဟုတ် မီးခလုတ်များကို အသုံးမပြုရပါ။ လျှပ်စစ်မီးခလုတ်များမှ မီးပွားများသည် ဓာတ်ငွေ့များကို လောင်ကျွမ်းစေပြီး ပေါက်ကွဲစေနိုင်သည်။
– မဖြစ်မနေ ဖယောင်းတိုင်ကို အသုံးပြုရန် လိုအပ်ပါက မီးကူးလွယ်သည့် မည်သည့်အရာကိုမဆို ဝေးဝေးတွင်ထားပါ။ ထွန်းညှိထားသော ဖယောင်းတိုင်များအနီးတွင် အမြဲနေပါ။
– မီးသတ်ဆေးဘူးကို လက်လှမ်းမီနိုင်သော နေရာတွင် ထားရှိပြီး သင့်မိသားစုကိုလည်း မီးသတ်ဆေးဘူး အသုံးပြုနည်းကို သိရှိစေပါ။
မီးစက်များ၊ ဖိအားသုံး ရေဆေးခုံများ၊ မီးသွေးနှင့် မီးဖိုသုံး လောင်စာများ လောင်ကျွမ်းခြင်းဖြင့် ကာဗွန်မိုနောက်ဆိုဒ် (CO) ဓာတ်ငွေ့များ ထွက်လာစေသည်။ ကာဗွန်မိုနောက်ဆိုဒ်သည် အနံမရနိုင် သို့မဟုတ် မမြင်နိုင်သော်လည်း အိမ်ထဲတွင် ဓာတ်ငွေ့ရှိနေပါက ရုတ်တရက် ဖျားနာခြင်းနှင့် သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်သည်။
– သယ်ဆောင်ရလွယ်သော ဓာတ်ဆီ သို့မဟုတ် ကျောက်မီးသွေးလောင်စာသုံး ကိရိယာ သို့မဟုတ် စခန်းချ မီးဖိုများကို သင်၏ အိမ်၊ မြေအောက်ခန်း သို့မဟုတ် ကားဂိုဒေါင်အတွင်း ဘယ်သောအခါမှ မသုံးပါနှင့်။ ပြတင်းပေါက်၊ တံခါး သို့မဟုတ် လေဝင်ပေါက်မှ အနည်းဆုံး ပေ ၂၀ အကွာ အိမ်အပြင်ဘက်တွင် ထားပါ။
– မီးစက် သို့မဟုတ် လောင်စာသုံးပစ္စည်းများ အသုံးပြုသည့် အခါတိုင်း ဘက်ထရီ (ဓာတ်ခဲ)ဖြင့် အသုံးပြုရသည့် ကာဗွန်မိုနောက်ဆိုဒ် စစ်ဆေးစက် (CO detector) ကို အသုံးပြုပါ။
– ဓာတ်အားပြတ်တောက်မှုကြောင့် ရေခဲသေတ္တာများ စနစ်တကျ အလုပ်မလုပ်လျှင် အစားအစာများ ပုပ်သိုးပျက်စီးလွယ်သောကြောင့် ၎င်းတို့ကို စွန့်ပစ်ပါ။ ပုံမှန်မဟုတ်သော အနံ့၊ အရောင် တွေ့ရလျှင် သို့မဟုတ် အနေအထား ပျက်ယွင်းနေလျှင် ထိုအစားအစာများကို စွန့်ပစ်ပါ။ မသေချာသည့်အခါတိုင်း လွှင့်ပစ်ရန် လိုအပ်ပါသည်။
– ကလေးနို့မှုန့် ဖျော်ရန်၊ ရေခဲ ခဲရန်၊ သွားတိုက်ရန်၊ အစားအစာပြင်ဆင်ရန်၊ လက်ဆေးရန် သို့မဟုတ် ပန်းကန်ဆေးရန်အတွက် ညစ်ညမ်းသောရေကို မသုံးပါနှင့်။
– သောက်သုံးရေသန့်ဗူးများ၊ ကြိုချက်ထားသော သို့မဟုတ် ပိုးသတ်ထားသော ရေများကိုသာ သောက်သုံးရန်၊ ချက်ပြုတ်ရန်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အသုံးပြုပါ။ ရေကို ကြိုချက်သောက်သုံးရန်နှင့် ပိုးသတ်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများ၏ သီးခြားအကြံပြုချက်များကို ရယူပါ။
– ငလျင်လှုပ်ပြီးနောက် အိမ်သန့်ရှင်းရေးလုပ်ရာတွင် သင်ကိုယ်တိုင်နှင့် မိသားစုဝင်များ ဘေးကင်းစေရန်အတွက် သန့်ရှင်းရေးကို စနစ်တကျ ပြုလုပ်ပါ။
– သန့်ရှင်းရေးဆိုင်ရာ အကြံပြုချက်များကို လိုက်နာပြီး အရေးပေါ်အချက်အလက်များအတွက် သင့်ရေဒီယို သို့မဟုတ် သတင်းထုတ်လွှင့်ချက်များကို အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်ပါ။
– ပျက်စီးနေသော အဆောက်အအုံများ အတွင်းသို့ မ၀င်ရပါ။ ငလျင်သည် အဆောက်အအုံများကို ပျက်စီးစေပြီး အန္တရာယ်ဖြစ်စေနိုင်ပါသည်။ ကျွမ်းကျင်သူများက စစ်ဆေးပြီး လုံခြုံပြီဟု သတ်မှတ်မှသာ အဆောက်အအုံများထဲသို့ ပြန်ဝင်ပါ။
– ပုံမှန်မဟုတ်သော အသံများကြားပါက သင်၏ နေအိမ် သို့မဟုတ် အဆောက်အအုံမှ ချက်ချင်း ထွက်ခွာပါ။ ထိုအသံများသည် အဆောက်အအုံ ပြိုလဲတော့မည်ဟု ဆိုလိုခြင်းဖြစ်နိုင်သည်။
– ဓာတ်အားလိုင်းများ အပေါ်မှ ပြုတ်ကျနိုင်သည်ကို သတိထားပါ။
– ပြုတ်ကျ/ ပျက်ကျနေသော မီးကြိုးများကို သတိပြုပါ။ တွေ့ရှိပါက ကျွမ်းကျင်သူများသို့ ဆက်သွယ်အသိပေးပါ။
– ငလျင်လှုပ်ပြီးနောက် တောရိုင်းတိရစ္ဆာန်များ သို့မဟုတ် ပိုင်ရှင်မဲ့ လမ်းဘေးတိရစ္ဆာန်များနှင့် ဝေးဝေးနေပါ။
– သေဆုံးသော တိရစ္ဆာန်များကို တွေ့ရှိပါက သတင်းပို့ပါ။
ငလျင်လှုပ်နေစဉ်နှင့် ငလျင်လှုပ်အပြီးတွင် မတူညီသော၊ ပြင်းထန်သော စိတ်ခံစားမှုများကို ခံစားရသည်မှာ သဘာဝဖြစ်သည်။ ဤခံစားချက်များကို ရင်ဆိုင်ဖြေရှင်းပြီး လိုအပ်သည့်အခါ အကူအညီရယူခြင်းသည် သင်၊ သင့်မိသားစုနှင့် သင့်အသိုင်းအဝိုင်းကို သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသည့် အခြေအနေမှ ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးပါလိမ့်မည်။
– မိသားစု၊ သူငယ်ချင်းများနှင့် သို့မဟုတ် အသိုင်းအဝိုင်းရှိ အခြားသူများနှင့် ချိတ်ဆက်ပါ။
– မိမိကိုယ် မိမိလည်း ဂရုစိုက်ပါ။ တစ်ယောက်နှင့် တစ်ယောက်လည်း အပြန်အလှန် ဂရုစိုက်ပြီး အကူအညီရယူရမည့် အချိန်နှင့် မည်ကဲ့သို့ အကူအညီ ရယူနိုင်မည်ကို သိပါ။
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Source:
https://www. cdc. gov/earthquakes/safety/stay-safe-after-an-earthquake.html
——————
ငလျင်လှုပ်ခတ်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရသူများအတွက် စိတ်ပိုင်းဆိုင်ရာ အခမဲ့ (အခမဲ့) အကူအညီ ရယူနိုင်ရန်
နှင့်
သို့ ဆက်သွယ်ပါ။