မိုးခါး ၏ ကဗျာ
တစ်ပါးသူအိမ်မက်ကိုရိုက်ချိုးပြီးလုယူပိုင်ဆိုင်ခွင့်ရစတမ်းဆိုရင်လူတိုင်းဟာ ဒဿတွေဖြစ်ကုန်မှာပေါ့။ တပ်တွင်းက သူငယ်ချင်းတို့ရေ … အခုတော့မင်းတို့ဘဝကိုကြည့်ပြီးကျုပ်ရင်လေးမိတယ်ဗျာ။ လူရယ်လို့ဖြစ်လာရင် ဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ သင့်တင့်တဲ့၊နွေးထွေးတဲ့ ပေါင်းသင်းဆက်ဆံမှုရှိနေမှဘဝရဲ့တစ်နေ့တာဖြတ်သန်းမှုကအဓိပ္ပါယ်ရှိအသက်ဝင်မှာပေါ့ အခုတော့သေနတ်ကိုင်ပြီးအုပ်စုဖွဲ့လူတွင်ကျယ်လုပ်ရဲတာကလွှဲလို့တစ်ကိုယ်တည်း မသွားရဲ မလာရဲမစားရဲ မသောက်ရဲ မအိပ်ရဲတဲ့ဘဝမှာတရားမျှတမှုကိုဦးထိပ်ပန်ဆင်တဲ့ရဲ ဆိုတဲ့ နာမည်ကလုံးပါးပါးပျောက်ကွယ်နေပြီမဟုတ်လား။ အချိန်တွေသိပ်မကျန်တော့ဘူးတစ်ဆစ်ချင်းအမွှန်းခံရတဲ့ပြည်သူတွေရဲ့နာကြည်းမှုတွေအရောင်ရင့်လာပြီ။ ဆိုထားသမျှသစ္စာတွေစူးပြီးကျိန်စာနွံနစ်လာပြီအာဏာရူးတွေကိုကာကွယ်ဖို့မထူးဇာတ် ဆက်ခင်းမနေကြပါနဲ့။ မကျန်တော့တဲ့အချိန်လေးမှာ မင်းတို့ဂုဏ်သိက္ခာအတွက်မင်းတို့မိသားစုဂုဏ်သိက္ခာမင်းတို့ချစ်တဲ့ရဲတပ်ဖွဲ့ဂုဏ်သိက္ခာအတွက်ပြည်သူဘက်ကရဲရဲရပ်တည်လိုက်ပါတော့။ နာကျင်မှုတွေကိုအံကြိတ်ခံရင်းပြည်သူတွေမင်းတို့ကိုကြိုဆိုနေဆဲပါ။ တစ်ချိန်ကမိုးခါး Credit: Myanmar Police CDM Channel
