Union Minister H.E U Lwin Ko Latt presented and discussed Ministry Policies, Organisational Structure and related matters at the NUG meeting
၁၁ ရက် မေလ ၂၀၂၁ ခုနှစ်နေ့တွင် ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်သည် ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ မူဝါဒ၊ ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်များ နှင့် ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့သည်။ တက်ရောက်လာကြသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြည်ထောင်စုဝန်ကြီး၏ တင်ပြချက်များအပေါ် အပြန်အလှန်သဘောထားပေး ဆွေးနွေးခဲ့ကြသည်။ အစိုးရအဖွဲ့အစည်းအဝေးသို့ ဒုတိယသမ္မတ ဒူးဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အပါအဝင် အခြား ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ နှင့်အတူ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယပြည်ထောင်စုဝန်ကြီး ခူးထဲဘူး လည်း တက်ရောက်ခဲ့သည်။

