ဝမ်းနည်းကြောင်း သဝဏ်လွှာ

၂၀၂၅ ခုနှစ်၊ ဧပြီလ (၃) ရက်
၁။ ၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် မြန်မာနိုင်ငံ၊ စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် (၁၆) ကီလိုမီတာအကွာ၌ အင်အား (၇.၇) ပမာဏရှိ ငလျင်ကြီး (Major Earthquake) နှင့် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ခတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံနှင့် အိမ်နီးနားချင်းနိုင်ငံများတွင် အသက်အိုးအိမ် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ပါသည်။ အထူးသဖြင့် အဆိုပါ ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံ၌ ပြည်သူများစွာ ထိခိုက်သေဆုံးခဲ့ရာ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) ပြုလုပ်ထားသော ကျန်းမာရေးဝန်ထမ်းအချို့နှင့် ယင်းတို့၏ မိသားစုဝင်များလည်း အသက်ဆုံးရှုံးခဲ့ရကြောင်း သိရှိရပါသည်။
၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့ရသည့် ပြည်သူများ၊ CDM ကျန်းမာရေးဝန်ထမ်းများနှင့် ယင်းတို့၏ မိသားစုဝင်များအတွက် များစွာကြေကွဲဝမ်းနည်းရပါသည်။
၃။ ဝန်ကြီးဌာနအနေဖြင့် CDM အောင်မြင်ရေးကော်မတီ (CDM Success Committee)၊ CDM ကျန်းမာရေးကွန်ယက် (CDM Medical Network) တို့နှင့်ချိတ်ဆက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးခဲ့ရသည့် CDM ကျန်းမာရေးဝန်ထမ်းများနှင့် ယင်းတို့၏ မိသားစုဝင်များအတွက် တတ်အားသမျှ ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ် ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top