အတုအယောင်ရွေးကောက်ပွဲတွင် မဲထွက်ပေးရန် ခြိမ်းခြောက်အကျပ်ကိုင်မှုများအား တိုင်ကြားနိုင်ကြောင်း ကြေညာခြင်း

အသိပေးကြေညာချက်(၁/၂၀၂၅)
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်
(၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်)
မည်သူမဆို ပြည်သူလူထုအား အတုအယောင်ရွေးကောက်ပွဲတွင် မဲထွက်ပေးရန်၊ ကြိုတင်မဲပေးရန် တနည်းနည်းဖြင့် ခြိမ်းခြောက်အကျပ်ကိုင်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု၊ ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခြင်း ဖြစ်သလို ဥပဒေနှင့်ငြိစွန်းသော လုပ်ရပ်လည်း ဖြစ်သည်။
သို့ဖြစ်ပါ၍ အတုအယောင်ရွေးကောက်ပွဲတွင် မဲထွက်ပေးရန်၊ ကြိုတင်မဲပေးရန် အတင်းအကျပ် ခြိမ်းခြောက်အကျပ်ကိုင်ခြင်းများရှိပါက သက်သေနှင့်တကွ အောက်ပါ လင့်ခ်များမှ တဆင့် အမျိုးသားညီညွတ်ရေးအစိုးရသို့ တိုင်ကြားနိုင်ပါသည်။
ပြစ်မှုထင်ရှားပါက အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကျူးလွန်သူများကို ဥပဒေနှင့်အညီထိရောက်စွာ အရေးယူသွားမည်ဖြစ်ပါသည်။
တိုင်ကြားရန်
သိလိုသည်များမေးမြန်းရန်နှင့်
အကြံဉာဏ်တောင်းခံရန်
Telegram – https://t.me/nugpublicaffairsbot (နေ့စဉ် ည ၈ နာရီမှ ည ၁၀နာရီအထိ)
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန
Scroll to Top