Preventing diarrhea after a disaster

ဘေးအန္တရာယ် ကျရောက်ပြီးနောက် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ခြင်း (ဧပြီလ၊ ၂၀၂၅ ခုနှစ်)
📌 သင်နှင့် သင့်မိသားစုကို ကာကွယ်ပါ
▪️ သန့်ရှင်းဘေးကင်းသော ရေကို သောက်ပါ။ သုံးစွဲပါ။
▪️ မကြာခဏ လက်ဆေးပါ။
▪️ မည်သည့်ရေထဲတွင်မျှ အပေါ့အလေး မသွားရ။
▪️ သန့်ရှင်းဘေးကင်းသော အစားအစာကို စားပါ။ ပြုတ်ပါ၊ ချက်ပါ၊ အခွံခွာပါ သို့မဟုတ် စွန့်ပစ်ပါ။
▪️ သန့်ရှင်းစွာ ထားရှိပါ
▪️ ရေသေ သို့မဟုတ် မစီးဆင်းသည့် ရေအိုင်ရှိရာ နေရာများကို ရှောင်ကြဉ်ပါ။
🚨 သန့်ရှင်းဘေးကင်းသော ရေကို သောက်ပါ။ သုံးစွဲပါ။
▪️ သောက်သုံးရန်၊ အစားအစာ ဆေးကြောပြင်ဆင်ချက်ပြုတ်ရန်၊ ရေခဲပြုလုပ်ရန်နှင့် သွားတိုက်ရန် ဗူးထဲမှ ရေသန့်ကို အသုံးပြုပါ။
▪️ ရေသန့်မရှိပါက စိတ်ချရစေရန် ရေကို ကျိုချက်ပါ သို့မဟုတ် ပိုးသတ်သန့်စင်ပါ။
🔔 ရေကို သန့်ရှင်းဘေးကင်းအောင် မည်သို့လုပ်ဆောင်မည်နည်း။
▪️ ရေကို ကျိုချက်မည်ဆိုပါက အနည်းဆုံး (၁) မိနစ်ကြာ ပွက်ပွက်ဆူအောင်ထား၍ ကျိုချက်ပါ။
▪️ ရေကို သန့်စင်စေရန် အနံ့မရှိသည့် အိမ်သုံး ကလိုရင်းအရည်ကို အသုံးပြုပါ။ ကြည်လင်သော ရေဖြစ်ပါက ရေတစ်ဂါလံလျှင် ကလိုရင်း (၈) စက် ထည့်ပါ။ ရေနောက်နေပါက ရေတစ်ဂါလံလျှင် ကလိုရင်း (၁၆) စက် ထည့်ပါ။ နာရီဝက်စောင့်ပြီးမှ သောက်သုံးပါ။
🚨 ဆပ်ပြာနှင့် ဘေးကင်းသော ရေတို့ဖြင့် မကြာခဏ လက်ဆေးပါ။
▪️ အစာမစားမီ သို့မဟုတ် အစားအစာ ပြင်ဆင်ချက်ပြုတ်ခြင်း မပြုမီ
▪️ ကလေးများကို အစာမကျွေးမီ
▪️ ထိခိုက်ဒဏ်ရာများ ကုသမှု မပေးခင်နှင့် ပေးပြီးချိန် သို့မဟုတ် လူနာပြုစုစောင့်ရှောက်မှု မပေးခင်နှင့် ပေးပြီးချိန်
▪️ အိမ်သာ အသုံးပြုပြီးချိန်၊ ကလေးအနှီး သို့မဟုတ် diaper လဲပြီးချိန် သို့မဟုတ် ကလေး အိမ်သာသွားပြီးနောက် သန့်ရှင်းရေးလုပ်ပြီးချိန်
▪️ ဆပ်ပြာ မရှိပါက အရက် (၆၀) ရာခိုင်နှုန်း အနည်းဆုံးပါဝင်သည့် လက်သန့်စင်ဆေးရည်ကို သုံး၍ လက်ဆေးပါ။
🚨 သန့်ရှင်းဘေးကင်းသော အစားအစာကို စားပါ။
▪️ ဆူပွက်အောင် ပြုတ်ပါ၊ ကျက်အောင် ချက်ပါ၊ အသီးအနှံများကို အခွံခွာပါ သို့မဟုတ် ရက်လွန်အစားအစာများ၊ ပုံပျက်ပြီး အနံ့၊ အရောင် ပုံမှန်မဟုတ်သော အစားအစာများကို စွန့်ပစ်ပါ။ အစားအစာကို စားသုံးရန်သင့်မသင့် မြည်းမကြည့်ဘဲ သံသယဝင်သည်နှင့် စွန့်ပစ်ပါ။
▪️ မလတ်ဆတ်သော၊ အအေးခန်းတွင် မထားရှိသော အသားနှင့် နို့ထွက်ပစ္စည်းများကို ရှောင်ကြဉ်ပါ။
▪️ အစားအစာကို ကျက်အောင် ချက်ပြုတ်ပါ။ ပူနွေးချိန် စားပါ။ အဖုံးအုပ်ထားပါ။
▪️ မိမိကိုယ်တိုင် အခွံနွှာထားသော အသီးအနှံ၊ ဟင်းသီးဟင်းရွက်များမှလွဲ၍ သားစိမ်းငါးစိမ်း စားခြင်း (အစိမ်းစားခြင်း) ရှောင်ကြဉ်ပါ။
🚨 သန့်ရှင်းစွာ ထားရှိပါ။
▪️ အစားအစာပြင်ဆင်ချက်ပြုတ်သည့် နေရာများနှင့် မီးဖိုချောင်သုံးပစ္စည်းများအား ဆပ်ပြာနှင့် ဘေးကင်းသော ရေတို့ကို အသုံးပြု၍ ဆေးကြောပါ။ ပြန်လည်အသုံးမပြုမီအချိန်ထိ ခြောက်သွေ့အောင် ထားပါ။
▪️ သောက်သုံးရေအရင်းအမြစ်မှ ပေ (၁၀၀) အကွာအဝေးတွင် ရေချိုး၊ အဝတ်လျှော်ပါ။
🚨 ရေသေ သို့မဟုတ် မစီးဆင်းသည့် ရေအိုင်ရှိရာ နေရာများကို ရှောင်ကြဉ်ပါ။
▪️ ညစ်ပတ်သော ရေနှင့် ထိတွေ့မိပါက ဆပ်ပြာနှင့်ရေကို အသုံးပြု၍ လက်ဆေးပါ။
▪️ ရေသေ သို့မဟုတ် မစီးဆင်းသည့် ရေအိုင်တွင် ကလေးများအား ဆော့ကစားခွင့် မပြုပါနှင့်။
▪️ ညစ်ပတ်သော ရေနှင့် ထိတွေ့ထားသည့် ကစားစရာအရုပ်များကို သန့်ရှင်းရေးမပြုလုပ်ရသေးခင် ကလေးများအား ဆော့ကစားခွင့် မပြုပါနှင့်။
❗ သင်နှင့် သင့်မိသားစု ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားရပါက ဘာလုပ်မည်နည်း
✅ သန့်ရှင်းဘေးကင်းသော ရေကို သောက်၍ ရေဓာတ် ဖြည့်တင်းပါ။
✅ နီးစပ်ရာ ဆေးခန်းသို့ သွားပြပါ။ အိမ်တွင် ရှိနေစဥ်နှင့် ကုသမှုခံယူရန် ဆေးခန်းသို့ သွားနေစဉ်တွင်လည်း ရေဓာတ် ဆက်လက်ဖြည့်တင်းပါ။
✅ မိမိကလေး ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားရပါက ကုသမှုခံယူရန် ဆေးခန်းသို့ သွားနေချိန်ဖြစ်စေကာမူ မိခင်နို့ကို ဆက်လက်တိုက်ကျွေးပါ။
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top