“ငလျင်လှုပ်ခတ်ပြီး မိုးရွာသွန်းသော ဒေသများမှ ပြည်သူများ သိရှိဆောင်ရွက်နိုင်ရန်”
မိုးသည်းထန်စွာရွာသွန်းမှုကြောင့်
– သောက်သုံးရေကို စိတ်ချရသော ရေအရင်းအမြစ်မှ ရယူသုံးစွဲပါ။
– အစားအစာကို ကျက်အောင် ချက်ပြုတ်ပါ။ စားကြွင်းစားကျန်များကို စနစ်တကျ စွန့်ပစ်ပါ။
– အစာမစားမီ လက်ဆေးပါ။ အိမ်သာအသုံးပြုပြီးတိုင်း လက်ဆေးပါ။
– ခြင်မပေါက်ဖွားစေရန် အိမ်တွင်းနှင့် အိမ်ပတ်လည်ရှိ ရေဝပ်သောနေရာများကို ရှင်းလင်းပါ။
– လက်ပတိုစပိုင်ရိုးစစ် ကဲ့သို့ရောဂါများ မဖြစ်စေရန် ကလေးများကို ရေကြီးနေသောနေရာရှိ ရေထဲတွင် ဆော့ကစားခြင်း မပြုစေရ။
– ပတ်ဝန်းကျင်ကို ရှင်းလင်းပါ။ ခြင်ပေါက်ဖွားရာနေရာများကို ဖယ်ရှားပါ။
– ရေကြီးနေသောနေရာမှ ရေဖြင့် ထိတွေ့မိသော အစားအစာများနှင့် ပျက်စီးသွားသော အစားအစာများကို စွန့်ပစ်ပါ။
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
