ရေဘေးသင့်စစ်ဘေးရှောင် ပြည်သူများအတွက် အရေးပေါ် စားနပ်ရိက္ခာများ ထောက်ပံ့ပေးလျက်ရှိ

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၂
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနသည် စက်တင်ဘာလ (၁၁)ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြန်မာပြည်တဝှမ်းရှိ မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်အချို့၌ ရေကြီးရေလျံမှုများ ဖြစ်ပွားလျက်ရှိပြီး ရေဘေးသင့်ခံစားကြရသည့် စစ်ဘေးရှောင် ပြည်သူများအတွက် လိုအပ်သော အရေးပေါ်စားနပ်ရိက္ခာ အထောက်အပံ့များကို ပြည်သူမှပြည်သူသို့ လှူဒါန်းမှုများ၊ မြို့နယ်လူသားစာနာ အခွန်ခွဲတမ်းမှရရှိ ရန်ပုံငွေများဖြင့် ထောက်ပံ့ဆောင်ရွက်လျက်ရှိပြီး ရပ်ရွာဒေသရှိ လူသားစာနာအဖွဲ့များ၊ မြို့နယ်ပြည်သူ့ကာကွယ် ကယ်ဆယ်ရေးအဖွဲ့များ၊ ရပ်ကျေး၊ တိုက်နယ်၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ များပူးပေါင်းပြီး သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် စစ်ဘေးရှောင်များကို ထောက်ပံ့ကယ်ဆယ် နေရာချထားရေးလုပ်ငန်းများတွင်လည်း ပါဝင်ကူညီ ဆောင်ရွက်လျက်ရှိပါသည်။
ယခုကဲ့သို့ အရေးပေါ် စားနပ်ရိက္ခာများကို ရေဘေးသင့် စစ်ဘေးရှောင် ပြည်သူများလက်ဝယ်အရောက် ရရှိအောင်ဆောင်ရွက်ပေးခဲ့ကြသော မြို့နယ်အသီးသီးမှ လူသားစာနာတာဝန်ခံများ၊ စေတနာ့ဝန်ထမ်းများနှင့် ရန်ပုံငွေအလှူရှင်များ၏ ညီညီညွတ်ညွတ် ဝိုင်းဝန်းဆောင်ရွက်ခဲ့မှုများကို ဝန်ကြီးဌာနက အထူးပင် အလေးအနက်ထား ကျေးဇူးတင်ရှိပါကြောင်းနှင့် နေ့ရက်အလိုက် မိုးလေဝသခန့်မှန်းချက် အခြေအနေသတင်းများ၊ ထူးခြားဖြစ်စဥ်အလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် အကြံပြုချက်များကိုလည်း ဌာန၏ Facebook page မှတဆင့် ပြည်သူများသိရှိနိုင်ရေး ထုတ်ပြန်ဆောင်ရွက်လျက် ရှိပါသည်။
Scroll to Top