ဩဂုတ် ၁၆၊ ၂၀၂၄
အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ၊ မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ဦးဆောင်အဖွဲ့ဝင်တွေဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Tom Sullivan နဲ့ USAID Asst. စီမံခန့်ခွဲသူ Schiffer တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူတွေကို ကူညီပေးပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပိုမိုကောင်းမွန်လာစေဖို့နဲ့ တိုက်ရိုက်ပံ့ပိုးကူညီမှု၊ အကူအညီတွေ တိုးမြှင့်ပေးဖို့ ကတိကဝတ်ပြုမှုအတွက် အမေရိကန်ပြည်ထောင်စုကို ကျေးဇူးတင်ရှိတယ် လို့ပြောကြားခဲ့ပါသည်။
