အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC) နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)တွေ့ဆုံအစည်းအဝေးကို ၂၀၂၄ ခုနှစ် သြဂုတ်လ (၁၃) ရက်နေ့ မွန်းလွဲ (၁း၀၀) နာရီတွင် အွန်လိုင်းမှတဆင့် ကျင်းပပြုလုပ်ခဲ့သည်။

ယင်းတွေ့ဆုံအစည်းအဝေးတွင် FSCC ၏ ဥက္ကဌ ယာယီသမ္မတ ဒူဝါလရှီးလ၊ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ FSCC အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများနှင့် FSCC အတွင်းရေးမှူးအဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) မှ အလှည့်ကျသဘာပတိ Dr. Kenton Linn နှင့် အဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
FSCC နှင့် ICNCC မှ တာဝန်ရှိသူများက သက်ဆိုင်ရာ အဖွဲ့အစည်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြပြီး အပြန်အလှန် မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ရှေ့ဆက်တွေ့ဆုံမှု၊ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ကြရန် သဘောထားစုစည်းခဲ့ကြသည်။