၂၀၂၄ ခုနှစ်၊ ဇွန်လ (၅) ရက်၊ ဝါရှင်တန်ဒီစီမြို့
Special Advisory Council for Myanmar အဖွဲ့ delegation သည် Washington D.C မြို့သို့ ရောက်ရှိစဥ် အမျိုးသားညီညွတ်ရေးအစိုးရ ၊ Washington D.C ရုံးသို့ လာရောက်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် အဖွဲ့အား တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ Ms. Yanghee Lee နှင့် Mr. Chris Sidoti ခေါင်းဆောင်သော Delegation သည် ဒုဝန်ကြီး ဦးမိုးဇော်ဦးနှင့် လက်ရှိ နိုင်ငံတကာ စည်းရုံးလှုံ့ဆော်မှု လုပ်ငန်းများ၊ မကြာသေးခင်က ထုတ်ပြန်ခဲ့သော SAC-M ၏ Briefing paper – Effective Control in Myanmar 2024 အကြောင်းနှင့် ပြည်တွင်း လက်ရှိ ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများအကြောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

