ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသုံးပြုလျက် လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်မှုများကို မှတ်တမ်းတင်၍ စစ်ရာဇဝတ်မှုကျုးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ရန်၊ လိုအပ်သည့် နောက်ဆက်တွဲ ကာကွယ်မှုများ၊ ကူညီ ပံ့ပိုးမှုများပေးအပ်နိုင်ရန် ကြေညာချက် အား အောက်ပါ အတိုင်းထုတ်ပြန်အပ်ပါသည်။
ချိုးဖောက်မှုများအား တိုင်ကြားနိုင်ရန် နည်းလည်းများအနေဖြင့် အင်တာနက်စာမျက်နှာ https://mohr.nugmyanmar.org/forced-military-service-call/ ကို ဖွင့်လှစ်ထားရှိ၍ လည်းကောင်း၊ link မှတဆင့် တိုင်ကြားရန် အခက်အခဲရှိသော ပြည်သူများအနေဖြင့် အောက်တွင် ပူးတွဲပါရှိသော နမူနာ တိုင်ကြားစာပါ အချက်အလက်များကို ဖြည့်စွက်၍ ဝန်ကြီးဌာန social media channel များ မှတဆင့်လည်းကောင်း တိုင်ကြားမှု လွယ်ကူ အဆင်ပြေစေရန် ပြင်ဆင်ထားရှိပါသည်။
တန်းတူညီမျှရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကို ဦးတည်လျက်
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
