ငလျင်ဒဏ်သင့် ပြည်သူများသို့ အရေးပေါ်စားနပ်ရိက္ခာနှင့် အမိုးအကာ အကူအညီများ ထောက်ပံ့ပေးလျက်ရှိ

၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေဖြင့် စစ်ကိုင်းငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ကြရသည့် စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ နေပြည်တော်နှင့် ရှမ်း(တောင်ပိုင်း)ဒေသများရှိ ငလျင်ဒဏ်သင့်ပြည်သူများသို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ၊ လူသားစာနာတာဝန်ခံများနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများအားဖြင့် အရေးပေါ်လူသားချင်းစာနာမှုအကူအညီများကို ချိတ်ဆက် ထောက်ပံ့ခဲ့ပါတယ်။
ဝန်ကြီးဌာနနေနဲ့ (၂၃.၄.၂၀၂၅) ရက်နေ့အထိ ထောက်ပံ့ကူညီမှုများမှာ-
💲 စစ်ကိုင်းအတွင်း (၄,၁၂၉) အိမ်ထောင်စုအတွက်
ကျပ် (၈၈၃) သန်း၊
💲မန္တလေးတိုင်းအတွင်း (၆,၂၁၈) အိမ်ထောင်စုအတွက်
ကျပ် (၁,၅၄၂) သန်း၊
💲ပဲခူးတိုင်းအတွင်း (၁,၃၂၂) အိမ်ထောင်စုအတွက်
ကျပ် (၂၉၆) သန်း၊
💲နေပြည်တော်အတွင်းရှိ (၈၀၃) အိမ်ထောင်စုအတွက်
ကျပ် (၂၄၂)သန်းနှင့်
💲ရှမ်း(တောင်ပိုင်း)ရှိ (၁,၄၂၄) အိမ်ထောင်စုအတွက်
ကျပ် (၂၀၅) သန်း
💸💸💸 စုစုပေါင်း (၄၆) မြို့နယ်မှ အိမ်ထောင်စုပေါင်း (၁၃,၈၉၆) စုအတွက် (၃,၁၆၉,၆၆၃,၇၃၀)ကျပ် ဖြစ်ပါတယ်။
ဆက်လက်ပြီး ငလျင်ဒဏ်သင့် ပြည်သူများအတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားရေး အကူညီများအပြင် အစောပိုင်းကာလ ပြန်လည်ထူထောင်ရေးအတွက်လိုအပ်သည့် ကဏ္ဌအလိုက် ထောက်ပံ့မှုများကိုလည်း သက်ဆိုင်ရာ ပြည်တွင်း ပြည်ပ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။
Scroll to Top